16
Sun, Jun
587 New Articles

Top Stories

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂,၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုဒရိုကလိုရစ်အက်ဆစ် ၁၁၀၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅၀ သိန်း)နှင့် ပလတ်စတစ်ပုံးများဖြင့်ထည့်ထားသည့် ဆာလဖျူရစ်အက်ဆစ် ၅၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၄,၁၄ဝ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။ 

ဒူရှန်းဘီ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တာဂျစ်ကစ္စတန်နိုင်ငံ၊ဒူရှန်းဘီမြို့တွင်ကျင်းပမည့် Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ် မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့်ချစ်ကြည်ရေးခရီးလည်ပတ်ရန်တို့အတွက် တာဂျစ် ကစ္စတန် နိုင်ငံသို့ဇွန်လ ၁၄ ရက်ကရောက်ရှိလာကြောင်းသိရသည်။

ဘီရှ်ကတ် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၁၄ ရက် ၌ ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် မွန်ဂိုလီးယား နိုင်ငံ သမ္မတ ခါလ်မာဂျင်း ဘတ်တူလ်ဂါ (Khaltmaagiin Battulga) တို့နှင့် အတူ ဘီရှ်ကတ် မြို့ တွင် ကျင်းပ သော (၅) ကြိမ်မြောက် တရုတ်-ရုရှား-မွန်ဂိုလီးယား ခေါင်းဆောင် အစည်းအဝေး အား တက်ရောက် ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အား ဘက်စုံ တွန်းအားပေး ဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြသည်။

ဘစ်ရှ်ကတ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကာဂျစ်စတန် နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ် (Sooronbay Jeenbekov) ၏ ဖိတ်ကြားချက် အရ ဇွန်လ ၁၂ ရက် ၌ ဘစ်ရှ်ကတ်ရှ် မြို့ သို့ ရောက်ရှိခဲ့ပြီး ညပိုင်း အချိန်တွင် သမ္မတ အိမ်တော် ၌် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခုအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၇,၀၀၀ မှကျပ် ၁,၀၈၂,၀၀၀ အထိ တစ်လ အတွင်း ကျပ် ၃၅,၀၀၀ ခန့် တက်လာခဲ့ပြီး၊ လက်ရှိပေါက်ဈေးသည် ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးရွှေဈေးဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကိုပြောသည်။

နေပြည်တော်၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

၂၀၁၉ ဇွန်လ ၈ ရက်မှ ၁၃ရက်နေ့ အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သန်းပေါင်း ၆၀၈၉၁ ဒသမ ၉၇၉ ဖိုး ရောင်းခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။