16
Sun, Jun
587 New Articles

ကားပါကင်ရှားပါးမှုကိုဖြေရှင်းရန်ဆင်ခြေလျှောအနေအထားဖြင့်ရပ်နားစနစ်ကိုစမ်းသပ်

ချုံကျင်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံကျင်းတွင်ဆင်ခြေလျှောအနေအထားဖြင့်ကားပါကင်ရပ်နားစနစ်ကို စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။ ကားပါကင်ရှားပါးမှုကိုဖြေရှင်းရန် ပုံမှန်ကားအစင်းရေ ၂၄ စင်းရပ်နားနိုင်သည့် ကားဂိုထောင်အတွင်း ကားအစင်းရေ ၄ဝ အထိ တိုးမြှင့်ရပ်နားနိုင်ရန်စီစဉ်ခြင်းဖြစ်သည်။ ကားအမျိုးအစားအလိုက် အမြင့်ပေါ်မူတည်ကာ ကားများကို ၂၈ ဒဂရီ သို့မဟုတ် ၃၂ ဒီဂရီ ဆင်ခြေလျှော အနေအထားဖြင့် ရပ်နားထားသည့် စနစ်ကိုအသုံးပြုခြင်းဖြစ်သည်။ (Xinhua)