20
Wed, Mar
706 New Articles

ဟနွိုင်း၊ ဇန်န၀ါရီ ၁၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Quang Ninh ပြည်နယ်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသားခရီးသွားအဖွဲ့အစည်းများ၏ ၄၉ ကြိမ်မြောက် အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့များ နှစ်ရက်ကြာ အစည်းအဝေးက ဇန်န၀ါရီ ၁၅ ရက်တွင် ပြီးဆုံးခဲ့ရာ ယင်းအစည်းအဝေး၌ ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် အစားအသောက် အချက်အပြုတ်ပိုင်းဆိုင်ရာ ခရီးသွားလုပ်ငန်းတို့ ပါဝင်သော ခရီးသွားလုပ်ငန်း ထုတ်ကုန်များ ဖွံဖြိုးမှုနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ်ခြင်းများနှင့် ပတ်သက်သော အစီရင်ခံစာများကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး (၁၄/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ ၁၄း၀၀ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော် သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၃) ၌ ကျင်းပခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဆီယံစွမ်းအင်ဆိုင်ရာ (ACE) က ကျင်းပသော Renewable Energy ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနက ပထမဆုရရှိခဲ့သည်။

စင်ကာပူ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

၅ ကြိမ်မြောက် အရှေ့ တောင်အာရှနိုင်ငံများအသင်း(ASEAN) ဝန်ကြီးများ၏ အစည်းအဝေး(ADMM)- (+) ဆက်စပ်အစည်းအဝေးကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂ဝ ရက်တွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Wei Fenghe လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊မေ ၁၆ ရက် (ဆင်ဟွာ) 

အာဆီယံစီးပွားရေးဆုပေးပွဲ (ASEAN Business Awards 2018) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား လျှောက်လွှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေပြီဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

 ဗီယင်ကျန်း၊ မေ ၄ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အလှကုန်စီမံခန့်ခွဲမှု လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးသည့် သင်ခန်းစာများ မျှဝေခဲ့ကြောင်း သိရသည်။

ဟနွိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသော မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခြောက်ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဆက်စပ်အစည်းအဝေး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘန်ကောက်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ပင်လယ်ရေကြောင်းပိုးလမ်းမကြီးပြပွဲကို မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla တွင် ကျင်းပခဲ့သည်။ ၄င်းပြပွဲကို ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် WISSANU ၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျီကျန့်၊ ထိုင်းနိုင်ငံ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံတောင်ပိုင်းတရုတ်အမျိုးသားအသင်းမှ ကိုယ်စား လှယ်များနှင့် အခြားအရပ်သားပြည်သူများအပါအ၀င် လူ ၁၅၀၀ လောက် ပါဝင်တက်ရောက်ခဲ့သည်။ 

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

မြန်မာ ရပ်ဝန်း နှင့် လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း (Myanmar Belt and Road Development Association ) နှင့် တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်း အချိန်တွင် ရန်ကုန် မြို့ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။