20
Sat, Jul
558 New Articles

အလုံမြို့နယ်တွင် အနုကြမ်းစီးမှုဖြစ်ပွား၊အနုကြမ်းစီးသူများထဲမှ နှစ်ဦး ဖမ်းမိထားဟုဆို

Breaking News

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဗဟိုလမ်းရှိ ခြံအမှတ် ၅၁ (ခ) တွင် ယနေ့ ည ၇ နာရီဝန်းကျင်က အနုကြမ်းစီးမှုဖြစ်ပွား၊အနုကြမ်းစီးသူများထဲမှ နှစ်ဦး ဖမ်းမိထားကြောင်း အလုံရဲစခန်းထံမှ သိရသည်။

အဆိုပါ ခြံအတွင်းသို့ မျက်နှာဖုံးစွပ် လူတစ်စုမှကားနှစ်စီးဖြင့် လာရောက်ခဲ့ပြီး ခြံအတွင်းဝင်ရောက်၍ အနုကြမ်းစီးခဲ့ကြောင်း၊နေအိမ်အတွင်း ကျန်ရစ်ခဲ့သည့် အနုကြမ်းစီးသူ နှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားကြောင်း သိရသည်။"ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေတုန်းပါ"ဟု အလုံရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။(Xinhua)