20
Sat, Jul
558 New Articles

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅ ထောင်ကျော် ဦးရေ ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၉ ခုအား ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား တွေ့ ရစဉ် (ဓာတ်ပုံ - DICA) Local

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုမိန့် နှင့် အတည်ပြု မိန့် ရရှိသော လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅,၇၅၃ ဦး ဖန်တီးပေး နိုင်မည့် လုပ်ငန်း ၉ ခု ပါဝင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ကော်မရှင်၏ ၂ / ၂၀၁၉ ကြိမ်မြောက် အစည်းအဝေးအား ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြုလုပ်ခဲ့သော ၁ / ၂၀၁၉ အစည်း အဝေး တွင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၂၂၇ ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၉ ခု အား ခွင့်ပြု ပေးခဲ့သည်။(Xinhua)