Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အာဖဂန်နစ္စတန် နိုင်ငံ ရှိ အကြမ်းဖက် သမား များအား ဖမ်းဆီး အရေးယူရန် တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အစည်းအဝေး ကျင်းပ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အာဖဂန်နစ္စတန် နိုင်ငံ ၏ မြို့တော် ကဘူးလ် နှင့် ဒေသ အသီးသီး တွင် အကြမ်းဖက်မှုများ ဆောင်ရွက်ခဲခြင်းကို ပြစ်တင် ဝေဖန်ခဲ့ပြီး ထိုသူများကို ဖမ်းဆီး အရေးယူရန် တိုက်တွန်းကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သတင်း မီဒီယာ များအား ထုတ်ပြန်ပြောကြား ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ က ကဘူးလ် နှင့် ဟယ်လ်မန် တွင် ပြုလုပ် ခဲ့သည့် အကြမ်းဖက်မှု တို့အား အပြင်းထန်ဆုံးသော စကားလုံး များဖြင့် ဝေဖန် ခဲ့ပြီး ထို အကြမ်းဖက်မှု နှစ်ခု သည် လူပေါင်း ၁၂၀ ကျော် နှင့် လူပေါင်း ၁၃ ဦး အသီးသီး သေဆုံး ခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ထိုအကြမ်းဖက်မှု နှစ်ခုကို တာလီဘန် အကြမ်းဖက် အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် Kandahar မြို့တွင် ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု ကြောင့် သံတမန်ရေးရာ ဝန်ထမ်း ၅ ဦး အပါ လူပေါင်း အများအပြား သေဆုံးခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စု သံအမတ်ကြီး နှင့် Kandahar မြို့တော်ဝန် အပါအဝင် ၁၈ ဦး ဒဏ်ရာရရှိရခြင်း ကိုလည်း ကုလသမဂ္ဂ က ပြင်းထန်စွာ ပြစ်တင် ဝေဖန် ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က မည်သည့် အကြမ်းဖက်ဝါဒ မဆို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ကို ဆိုးရွားစွာခြိမ်းခြောက်မှု ဖြစ်စေကြောင်း ၊ အကြမ်းဖက်မှုများ ဆောင်ရွက်သူ ၊ အဖွဲ့အစည်း ၊ ထောက်ပံ့သူ နှင့် အားပေးသူ အားလုံးကို ဖမ်ဆီး အရေးယူ ရမည်ဖြစ်ကြောင်း ၊ ထို့ပြင် နိုင်ငံ အားလုံး အနေဖြင့် နိုင်ငံတကာ ဥပဒေ နှင့် လုံခြုံရေး ကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက် နှင့် သတ်မှတ်ချက်များကို လိုက်နာ ရမည် ဖြစ်ကြောင်း ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး တွင် အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.