23
Fri, Aug
523 New Articles

“Line Walker 2” အက်ရှင်မှုခင်းဒရာမာဇာတ်ကား တရုတ်နိုင်ငံ၏ ရုပ်ရှင်ရုံများတွင် ပြသ

“Line Walker 2 : Invisible Spy” ဇာတ်ကားပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Culture & Entertainment

ပေကျင်း၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်က ပြသခဲ့သည့် “Line Walker” အက်ရှင်မှုခင်းဒရာမာဇာတ်ကားတွဲ၏ နောက်ဆက်တွဲဖြစ်သည့်  “Line Walker 2 : Invisible Spy” ဇာတ်ကားအား တရုတ်နိုင်ငံ ရုပ်ရှင်ရုံများတွင် သြဂုတ်လ ၇ ရက်တွင် ရုံတင်ပြသလိုက်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားတွင် ရဲတပ်ဖွဲ့အတွင်း ဒုစရိုက်ဂိုဏ်းသူလျှိုဖြစ်ဖွယ်ရှိသူတစ်ဦး ပါဝင်ပတ်သက်နေသည့် အရှုပ်အထွေးကို ရိုက်ကူးပြသထားသည်။

ယင်းဇာတ်ကားအား ဂျက်ဇ်ဘွန်း (Jazz Boon) ကရိုက်ကူးထားပြီး Nick Ceung, Louis Koo နှင့် Francis Ng တို့ ပါဝင်သရုပ်ဆောင်ထားသည်။

“Line Walker” ဇာတ်ကားအား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်က တရုတ်နိုင်ငံတွင် ပြသခဲ့ပြီး ရုပ်ရှင်လက်မှတ် ရောင်းအား ယွမ် ၆၀၆ သန်း (အမေရိကန်ဒေါ်လာ ၈၆ သန်း) ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)