09
Mon, Dec
484 New Articles

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဈေးကွက် တံခါးပိုမိုဖွင့်လှစ်ရန် ကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းအဖြစ် စားသုံးမှုမြှင့်တင်ရန် သွင်းကုန်တိုးချဲ့ခြင်းနှင့် စည်းကြပ်ခွန်များလျှော့ချြခင်းတို့၌ အဓိကတိုးတက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတ ရှှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဈေးကွက်ဝင်ရောက်မှု ပိုမိုလွယ်ကူစေရန်နှင့် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရသောကုမ္ပဏီများကို လျှော့ချခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားလိုက်သည်။

ရှန်ဟိုင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ ယနေ့နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနားတွင် ကမာ္ဘလုံးဆိုင်ရာစီးပွားရေးအတွက် အဆိုပြုချက် ၃ ရပ်ကို တင်ပြပြီး တွန်းအားပေးခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက် မှ ၁၀ ရက် အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) သို့ နိုင်တကာအဖွဲ့အစည်းပေါင်း ၂၆ ခု အပါအဝင် ကမာ္ဘ့နိုင်ငံ နှင့် ဒေသပေါင်း ၁၅၅ ခုမှ ပါဝင်တက်ရောက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ချုံချင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင်းမြို့၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဆီယံက အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဂျီဒီပီ (GDP) သည် ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း ၂၀၁၈ ခုနှစ်ကထက် ၆.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၆၉ ဒသမ ၇၈ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၇ ထရီလီယံ) ရှိခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်တွင် အမျိုးသား စာရင်းအင်းဗျူရို (NBS) ၏ အချက်အလက်အရ သိရသည်။

ရှန်ဟိုင်း ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ယခုနှစ် ပထမ ရှစ်လ အတွင်း အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၅၂ ဘီလီယံ တန်ဖိုးရှိ ကလေး ကစားစရာ ပစ္စည်းများအား ပြည်ပသို့ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းမြို့၌ ပြုလုပ်နေသည့် China Kids Expo တွင် တရုတ် ကလေး ကစားစရာ နှင့် ကလေးသူငယ်သုံး ထုတ်ကုန်များ အသင်းက ပြောကြားခဲ့သည်။

ကွမ်ကျိုး၊အောက်တိုဘာ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဧရာမနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဟွာဝေးကုမ္ပဏီသည် ၂၀၁၉ ခုနှစ် ပထမ ၉ လအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ  ၈၆ ဘီလီယံ ( တရုတ်ယွမ် ၆၁၀.၈ ဘီလီယံ) ထိ ရရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၂၄ဒသမ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၁၆ ရက် တွင်ထုတ်ပြန်သည့် ကုမ္ပဏီ၏ သုံးလပတ် ဘဏ္ဍာရေး အစီရင်ခံစာ အရသိရသည်။(Xinhua)

ကွမ်ကျိုး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော်ကြီးကို အောက်တိုဘာ ၁၅ ရက်က ကွမ်ကျိုးမြို့တွင် စတင်ခဲ့ကြောင်း သိရသည်။ ကုန်စည်ပွဲတော်ကျင်းပနေသည့် သတင်းအချက်အလက်များအရ လက်ရှိတွင် ကွမ်ကျိုး ကုန်စည်ပွဲတော်ကြီးသည် ကောင်းမွန်တည်ငြိမ်တိုးတက်နေရာ ပါဝင်ပြသသည့် ကုန်ပစ္စည်းများ ပိုမိုအရည်သွေးကောင်းလာပြီး ပြည်ပ ကုမ္ပဏီလုပ်ငန်းများနှင့် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ အကျိုးရှိထိရောက်စွာဝင်ရောက်နိုင်ရန်  အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။

ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ ကျော်မှ အဝယ်ကုန်သည်လုပ်ငန်းရှင်များ  ကွမ်ကျိုးကုန်စည်ပွဲတော်သို့ လာရောက်၍ ကုန်ပစ္စည်းဝယ်ယူမှုဆိုင်ရာများကို လာရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ရွှီပင်းက ပြောကြားခဲ့သည်။