02
Thu, Apr
554 New Articles

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် သစ်တောဧကပေါင်း ၁,၀၀၀ စိုက်ပျိုးရန်လျာထားကြောင်း  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ)၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော က ဆင်ဟွာကို မတ် ၃ ရက်တွင် ပြောကြားသည်။ 

ချန်ဒူ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပြည်နယ်သုံးခုကို ချိတ်ဆက်ထားသော အဓိကတံတားကြီးတစ်စင်းကို ခရီးသည်တင်ကားများ ဖြတ်သန်းသွားလာခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

ကူမင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ Dianchi ရေကန်၊ သဘာဝစိမ့်မြေအရပ်သို့ ဇန်နဝါရီ ၂၀ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဗဟိုအစိုးရက တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် တရုတ်ယွမ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄ဒသမ၃၇) တန်ဖိုးရှိ ဘဏ္ဍာရေး ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်သော ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးကွဲများအား ကာကွယ်ရန် မြစ်အတွင်းရှိ အဓိကနေရာများတွင် ငါးဖမ်းခွင့် ၁၀ နှစ်တာပိတ်ပင်မှုအား ဇန်နဝါရီ ၁ ရက်၌ စတင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက သိရသည်။

ဟောင်ကောင် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အမှုဆောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ပြီးခဲ့သော လများ အတွင်း ဆန္ဒပြသမားများကြောင့် ပျက်စီးခဲ့သည့် လမ်းမီးပွိုင့်များ ပြင်ဆင်ရန် ဟောင်ကောင် ဒေါ်လာ သန်း ၃၀ ကျော်(အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၅ သန်း) ကုန်ကျနိုင်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့(၂)နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဆင်ချစ်သူများ တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြင်းစီးကွင်း၌ ရှားပါးငှက်မျိုးစိတ်များ၏ အမဲလိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့သည်ကို ကြေးမုံသတင်းစာတွင် ယနေ့ဖော်ပြထားသည်။

ကျီရှန့်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဟူခိုရေတံခွန်သည် တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးနှင့် တရုတ်နိုင်ငံအရှေ့မြောက်ဘက်ရှိ ဆန်ရှိပြည်နယ်  အကြားနယ်နိမိတ်တွင်တည်ရှိသည်။ 

ပေကျင်း ၊ ဒီဇင်ဘာ ၁၃ရက်(ဆင်ဟွာ)

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံအလယ်ပိုင်း Danjiankou ရေလှောင်ကန်မှ ရေကုဗမီတာပေါင်း ၅.၂ ဘီလီယံကျော်ကို တောင်မှမြောက်သို့ ရေပေးဝေဖြန့်ဖြူးမှု ပြုလုပ်ခဲ့ရာ  ပေကျင်းမြို့နေပြည်သူ ၁၂ သန်းကျော်အတွက် အကျိုးပြုပေးခဲ့ကြောင်း သိရသည်။

Page 1 of 5