26
Mon, Aug
514 New Articles

မကာအို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ဟက်ရိချန် (Ho Iat Seng) သည် ယနေ့ ( သြဂုတ် ၂၅ ရက်) တွင် ရွေးချယ်တင်မြှောက်ခံရပြီး ၄င်းသည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ တရားဝင်ခန့် အပ်မိန့် ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

ပေကျင်း၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

တစ်နှစ်တစ်ကြိမ် ကျင်းပသည့် G-7 အဖွဲ့ကြီး၏ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း အပန်းဖြေနာမည်ကျော်မြို့ဖြစ်သည့်  Biarritz၌ ကျင်းပမည်ဖြစ် သည်။ ဆွေးနွေးပွဲမတိုင်မီ  အရိပ်လက္ခဏာများအရ သာယာလှပသည့် ရှုမျှော်ခင်းများက G-7 အဖွဲ့၏ ကွဲလွဲမှုများကို မဖုံးလွှမ်းနိုင်၊ ဆွေးနွေးပွဲက ကသိကအောက်ဖြစ်ပြီး မပျော်မရွှင် နောက်ထပ်တစ်ဖန် အဆုံးသတ်နိုင်ဖွယ်များ ရှိနေသည်လောဆိုသည်ကို စဉ်းစားဖွယ် ဖြစ်နေရသည်။ 

ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

 

သမ္မတရှီကျင့်ဖိန် က တရုတ်နိုင်ငံ၊ ကျိလင်ပြည်နယ် ၏ မြို့တော်ချန်ချွန်းတွင် သြဂုတ် ၂၃ ရက် ကဖွင့်လှစ်ခဲ့သည့်  ၁၂ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှကုန်စည်ပြပွဲ သို့ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။  (Xinhua) 

ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က သြဂုတ်လ ၂၃ ရက်တွင် ကြေညာလိုက်သည်။ (Xinhua)

ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ကိုးကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကို သြဂုတ်လ ၂၁ ရက်တွင် ပေကျင်းမြို့၌ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်၁၆ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေး ကို သြဂုတ် ၁၂ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့က အစည်းအဝေးသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ၀မ်ချီစန်း(Wang Qishan)နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ၀န်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ(Subrahmanyam Jaishankar)တို့သည် သြဂုတ် ၁၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ချုံချင့် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) သည် လာအိုနိုင်ငံသို့ သွားရောက်ကာ လူသားချင်းစာနာမှုအစီအစဉ်အတွက် စစ်ဆေးဖက်ဆိုင်ရာကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုတစ်ခုကို သြဂုတ် ၁၃ ရက် မှ သြဂုတ် ၂၆ ရက်အထိ ၁၄ ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒုံ ပရာမွတ်ဝီနိုင်း ( Don Pramudwinai ) တို့ က သြဂုတ်လ ၁ ရက် တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ပေကျင်း ၊ သြဂုတ် ၁  ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ တက်ကြွစွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် အဆင့်မြင့်အရာရှိကြီး ၁ဝ ဦးကို တရုတ်စစ်တပ် နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ များတွင် ဗိုလ်ချုပ်ကြီး ရာထူးများသို့  အသီးသီး တိုးမြှင့်ခန့် အပ်လိုက်ကြောင်း သိရသည်။