19
Sat, Oct
587 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန် နိုင်ငံများသို့ သွားရောက်ရန် ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန် နိုင်ငံများသို့ သွားရောက်ရန် ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းက ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် ကာဂျစ်စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov ၏ ဖိတ်ကြားချက် ကာဂျစ်စတန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဂျစ်စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်တွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၁၉ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန်အတွက်လည်းကောင်း သွားရောက်မည် ဖြစ်သည်။

ထို့ပြင် ရှီသည် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon ၏ ဖိတ်ကြားချက်ဖြင့် တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘီတွင် ကျင်းပမည့် Conference on Interaction and Confidence Building Measures in Asia (CICA) ၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက်လည်းကောင်း၊ ချစ်ကြည်ရေးခရီးစဉ် အဖြစ်လည်းကောင်း သွားရောက်မည်ဖြစ်သည်။

ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးအတွင်းရေးမှူးဌာနနှင့် CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ၊ တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း တို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)