23
Sat, Nov
481 New Articles

တရုတ်နိုင်ငံနှင့် ဥရောပအရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်အမှာစကားပြောကြား

တရုတ်နိုင်ငံနှင့် ဥရောပ အရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိမှ အမှာစကားပြောကြားစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပ အရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်းတို့အတူ ပူးပေါင်း၍ အောက်တိုဘာ ၁၆ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တက်ရောက်ကာ ချစ်ကြည်ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုကို  ဦးတင်ရှေ့ဆောင်သူ အဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟူသော ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ ချက်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ ၊ ပိုလန်၊ အယ်လ်ဘေးနီးယား စသည့် နိုင်ငံ ၇ နိုင်ငံမှ သံအမတ်ကြီးများ နှင့်တကွ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များအပါအဝင် လူ ၃၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua)