18
Mon, Feb
640 New Articles

ချုံချင်းမြို့တွင် 5G စနစ်အထောက်အပံ့ဖြင့် အလိုအလျောက်မောင်းနှင်သော ဘတ်စ်ကား စမ်းသပ်ခဲ့

တရုတ်နိုင်ငံရှိ ဒီဂျစ်တယ်ပြပွဲတစ်ခုတွင် ပြသထားသော မောင်းသူမဲ့ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ) Science & Technology

ချုံချင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မော်တော်ယာဉ် ထုတ်လုပ်သောလုပ်ငန်းတစ်ခုမှ 5G မိုဘိုင်းကွန်ရက် အကူအညီဖြင့် အလိုအလျောက်မောင်းနှင်သော ဘတ်စ်ကားတစ်စီးအား ချုံချင်းမြို့၌ စမ်းသပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိန်းချုပ် ဧရိယာကွန်ရက်နှင့် လေဆာရေဒါစနစ်ကဲ့သို့ နည်းပညာများ တပ်ဆင်ထားသော အဆိုပါ ဘတ်စ်ကားမှာ 5G မိုဘိုင်းကွန်ရက် အကူအညီဖြင့် အားလုံး အလိုအလျောက်စနစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။

လူ ၁၂ ယောက်စီး ထိုလျှပ်စစ်ကားအား အများဆုံး တစ်နာရီလျှင် ၂၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်သော ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။

အဆိုပါ ဘတ်စ်ကားအား China Mobile ၊ ဟွာဝေးနည်းပညာကုမ္ပဏီကြီး၊ Southest University နှင့် Easy Mile ပြင်သစ်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)