15
Sun, Sep
498 New Articles

တရုတ်နိုင်ငံတွင် ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ်များ အဖြစ် ချီးမြှင့်ဂုဏ်ပြု

တရုတ်ကွန်မြူနစ်ပါတီ (CPC) အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ဟူနင်းက ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ်များဆုအတွက် စံပြပုဂ္ဂိုလ်များနှင့် အဆိုပြုခံရသူ ကိုယ်စားလှယ်များအား တွေ့ဆုံစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမျိုးသား ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ် ၅၈ ဦးအား စက်တင်ဘာလ ၅ ရက်တွင် ပြုလုပ်သည့် အခမ်းအနား၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ၎င်းတို့သည် အဆိုပါ ဂုဏ်ပြုဆု ချီးမြှင့်ခံရသည့် သတ္တမမြောက်အဖွဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် လူမှုအသိုက်အဝန်းအား ၎င်းတို့၏ ထူးချွန်စွာကောင်းကျိုးပြုမှုများ၊ ပြည်သူများအကြား ၎င်းတို့၏ ကောင်းမွန်သော ဂုဏ်သတင်းနှင့် စံနမူနာပြသောပုဂ္ဂိုလ်များဖြစ်ခြင်းအတွက် အသိအမှတ်ပြုခံရခြင်း ဖြစ်သည်။

ဆုချီးမြှင့်ခံရသည့် ဘဝဇာတ်ကြောင်းများ၌ အန္တရာယ်ကြားမှ အခြားသူများအား ရဲရင့်စွာ ကူညီခဲ့ခြင်း၊ ၎င်းတို့၏ လုပ်ငန်းတွင် ၎င်းတို့ကိုယ်တိုင် နှစ်မြှုပ်ထားခြင်း စသည့်အကြောင်းများအား ဖော်ပြထားပြီး ဆုချီးမြှင့်ခြင်း အခမ်းအနား၌ ပြသခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ဟူနင်းက ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ်များဆုအတွက် စံပြပုဂ္ဂိုလ်များနှင့် အဆိုပြုခံရသူ ကိုယ်စားလှယ်များအား တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ဟူနင်းက ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ်များဆုအတွက် စံပြပုဂ္ဂိုလ်များနှင့် အဆိုပြုခံရသူ ကိုယ်စားလှယ်များအား တွေ့ဆုံစဉ် (ဆင်ဟွာ)

အများပြည်သူနှင့် ဆန္ဒမဲခွဲခြင်းများဖြင့် ကိုယ်စားလှယ်များထောက်ခံချက် အပါအဝင် ခြောက်လကြာ နိုင်ငံအဆင့် ကမ်ပိန်းတစ်ခု လုပ်ဆောင်ပြီးနောက် စံပြပုဂ္ဂိုလ်များနှင့် အမည်စားရင်းအဆိုပြုခံရသူ ၂၅၇ ဦး အား ရွေးချယ်ခဲ့သည်။

နှစ်နှစ်လျှင်တစ်ကြိမ် ပြုလုပ်သော အဆိုပါ ကမ်ပိန်းတွင် အမျိုးသား ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ် ၄၀၈ ဦးနှင့် အဆိုပြုခံရသူ ၁,၇၄၀ ဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။ (Xinhua)