Connect with us

Politics, Law & Military

၄ နှစ်တာ ကာလအတွင်း အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသူ ၈၀၀ ဦးအား မြန်မာ့ တပ်မတော်မှ နှုတ်ထွက် ခွင့်ပြုခဲ့ကြောင်း UNICEF ထုတ်ပြန်

ကုလသမဂ္ဂ၏ အမှတ်တံဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ-UNICEF)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

၂၀၁၂ ခုနှစ်မှ စ၍ အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ် နှင့် လူငယ် ၈၀၀ ဦးအား မြန်မာ့ တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ယနေ့စက်တင်ဘာ ၉ ရက်တွင် ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ထို့အတူ အစိုးရအသစ် စတင်တာဝန်ယူသည့် ယခုနှစ် ဧပြီလ မှ စတင်၍ ပထမဆုံး အကြိမ် အဖြစ် စက်တင်ဘာ ၉ ရက်တွင် ကလေးသူငယ် နှင့် လူငယ် ၅၅ ဦးအား ၂၀၁၂ခုနှစ် ပူးတွဲ လုပ်ငန်းဆောင်ရွက်မှု စီမံချက် ကို ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခု အနေဖြင့် တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက်နေစဉ်တွင် ကလေးသူငယ်များအား တပ်သား အဖြစ် စုဆောင်းခြင်း နှင့် အသုံးပြုခြင်း ကို အဆုံးသတ် ရပ်တန့်ရန် အရေးတကြီးလိုအပ်ကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ကလေးသူငယ်များနှင့် လူငယ်များအား ယခုကဲ့သို့ နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြင့် ၎င်းတို့၏ ဘဝကို မိသားစုနှင့်အတူ ပြန်လည် အစပြုနိုင်ရန် အကူအညီ ဖြစ်စေပြီး လူမူစီးပွား ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး စီမံချက်မှ အကျိုး ကျေးဇူးများရရှိ လာမည့်အပြင် ပညာရေး၊ သက်မွေးဝမ်းကျောင်း သင်တန်းများ နှင့် မိသားစု ဝင်ငွေတိုး လုပ်ငန်းများ ကို လုပ်ကိုင်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.