22
Tue, Jan
661 New Articles

ရန်ကုန် ၊ ဇန်န၀ါရီ ၁၅ ရက်(ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ် ၊ နေပြည်တော်ကောင်စီ နယ်မြေ  တပ်ကုန်းမြို့နယ် ၊  ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံ မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆောင်းအစေ့ထုတ် ပြောင်းသီးနှံ စိုက်ခင်း များတွင် ကျရောက် သော ငမြှောင်တောင်ပိုးမှာ ယခင်က မြန်မာနိုင်ငံတွင် ကျရောက်ဖူးခြင်း မရှိသေးသော ငမြှောင်တောင် ဖျက်ပိုး မျိုးစိတ် အသစ် Fall Army Worm (FAW) ဖြစ်ကြောင်း အတည်ပြု သတ်မှတ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. AlessandarSCHIAVO တို့ ဒီဇင်ဘာ ၅ ရက်တွင် တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ မြစ်ရေတင်စီမံကိန်း ၁ဝဝ မှ မိုးစပါး ၄၂,၄၇၆ ဧကနှင့် အခြားသီးနှံ ၂၂,၄ဝ၇ ဧက စုစုပေါင်း ၆၄,၈၈၃ ဧကအား စိုက်ပျိုးရေပေးဝေခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုတွင် နွေစပါးဧက ၃၇၅,ဝဝဝ စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

တောင်သူဦးကြီးများ အနေဖြင့် ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ရရှိနိုင်ရေး အတွက် မြန်မာ့ လယ်ယာ ဖွံ့ ဖြိုးရေးဘဏ် ၊ မြို့ နယ် ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန် စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးအား ကဏ္ဍတစ်ရပ်အနေဖြင့် စီမံချက်ချဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုအား ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်ကတင်သွင်းခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ယခင်ဗဟိုအဖွဲ့က ခွင့်ပြုခဲ့ပြီး သတ်မှတ်ကာလ (၄) နှစ်ကျော်လွန်သည်အထိ ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ သိမ်းဆည်းမှုအဖြစ် ယနေ့အထိ ၁၁၆၇၁၇၆ . ၂၇ ဧက (ဧကတစ်ဆယ့်တစ်သိန်းကျော်) ပြန်လည်သိမ်းဆည်းပြီး ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ရေကြီးနစ်မြုပ်၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လယ်မြေများ အချိန်မီ စပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကူညီပေးသွားမည် ဖြစ်ကြောင်း  သိရသည်။

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးသီးနှံ စိုက်ပျိုးဧက ၇၁,၈၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

 

မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်၊ ကန်၊ တမံ ၇၄ ခုမှ တောင်သူများစိုက်ပျိုးမည့် မိုးစပါး စိုက်ဧက ၃၃၀၀၀၀ ကို ရေလိုအပ်ချက်မရှိ ပြည့်ဝစွာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

Page 1 of 3