22
Tue, Jan
661 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နှင့် မြိုင်မြို့နယ်တို့ တွင်  မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၁ ရက် (ဆင်ဟွာ)

 

တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရေးရာကော်မတီများ အနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံစဉ် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်လမ်း နှင့် ပုဇွန်တောင် မြို့ နယ်ရှိ အ.ထ.က (၁) ပုဇွန် တောင် တို့ ၌ ယနေ့  ဒီဇင်ဘာ ၂၀ ရက်တွင် အပြာရောင် ကမ္ဗည်းပြားများအား တပ်ဆင်ခဲ့ကြောင်း ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံ တားမြို့နယ်ကြားရှိ ဗိုလ်အောင်ကျော် လမ်းအား ဒီဇင်ဘာ ၂၀ ရက်တွင် ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်ထားကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မြန်မာရေဆေးပန်းချီပြပွဲ(၂၀၁၈) ဖွင့်ပွဲအား ဒီဇင်ဘာလ ၁ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်) ၊ဘက်စုံခန်းမ ၊ အမှတ် ၆၆/၇၄ ၊ ပြည်လမ်း ၊ ဒဂုံမြို့နယ် ၊ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီး ဌာနထံမှ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ့ရုပ်ရှင်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် တတိယအကြိမ်မြောက် ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုး တိုးတက်ရေး ဆွေးနွေးပွဲများကို ဒီဇင်ဘာလ ၁ ရက်၊  နေ့လယ် (၁၂း၃၀) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊  ရုပ်ရှင်အနုပညာရပ်ဝန်းရှိ Film Development Center (FDC)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

၆ ကြိမ်မြောက် MEMORY နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၉ရက် မှ ၁၈ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ် ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် ရုပ်ရှင် ဇာတ်ကား ခွဲခြားစိတ်ဖြာလေ့လာခြင်း အစီ အစဉ်တို့ကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅ဝ) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာ ရပ်ဝန်း၌ ကျင်းပမည်ဖြစ်ကြောင်း ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ (Film Development Centre) မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်၌ ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ရာသီဥတုမရွေး တာရှည်တည်တံ့ခိုင်မြဲစေရန် အဆင်မြင့် နည်းပညာကို အသုံးပြု၍ ရွှေစင်ရွှေပြား စက်ရုံငယ်တစ်ခုကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး အောက်ပစ္စယံတွင် လုံခြုံစိတ်ချစွာ စနစ်တကျ တည်ဆောက်ထားပြီး အဆိုပါ ရွှေစင်ရွှေပြား စက်ရုံငယ်တစ်ခုမှ ခေတ်မီ နည်းစနစ် စက်ကိရိယာများအသုံးပြုကာ တာရှည်ခိုင်မြဲတည်တံ့သည့် ရွှေစင်ပြား များကို ထုတ်လုပ်၍ မကြာမီ ရွှေတိဂုံစေတီတော်သို့ ကပ်လှူပူဇော် နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

၅၃ ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး53rd Meeting of ASEAN Committee on Culture and Information (53rd ASEAN-COCI Meeting)ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံပြီး နေပြည်တော်၌ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။