25
Sat, Jan
464 New Articles

နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယခုထိ အဆုတ်ရောင်ရောဂါ Novel Coronavirus (2019-nCoV) ဖြစ်ပွားသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ နေပြည်တော်၌ ပြုလုပ်သော ရောဂါ ကြိုတင် ကာကွယ် နှိမ်နှင်းရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အပြီးတွင် မီဒီယာ တစ်ချို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ရက် (ဆင်ဟွာ)

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) တွင် မိခင်နို့ရည်ဘဏ်ကိုအဆင့်မြှင့်တင်ခြင်း၊ စံသတ်မှတ်ခြင်းများပြုလုပ်၍ နိုင်ငံတကာအဆင့်မီ နို့ရည်ဘဏ်အဖြစ်ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အချို့ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ မအိပ်မနေစာကျက်နိုင်ရန်အတွက် မူးယစ်ဆေး၀ါးမှန်း မသိဘဲ ဆေး၀ါးများ တိုက်ကျွေးနေခြင်းကို ကြားသိရသောကြောင့် ကျောင်းသားများကို အားဆေးမတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့၊ နံနက်(၈)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် MEMBER OF SAE PAING DEVELOPMENT LIMITED တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ရန်ကုန်တိုင်းဒေသကြီး မင်းဓမ္မပညာ့ရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အာဖရိကဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး များဆောင်ရွက်ရန် အသိပေးနှိုးဆော်ချက်အား ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

 

၂၀၁၈ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၇၆,၅၁၈ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးထိရှိကြောင်း ဒီဇင်ဘာ ၁၆ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည်မီရေးအတွက် အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်း အသိပေးမှု ဗဟိုအဆင့်အခမ်းအနားတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ဗဟိုအမျိုးသမီးဆေးရုံကြီး ၌ တတိယမြောက် ဖန်ပြွန် သန္ဓေသား အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သိရသည်။ 

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။