23
Fri, Aug
523 New Articles

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

 

နိုင်ငံတစ်ဝန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ရက်အထိ ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ ၁၈၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးထိရှိလာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၈ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၁၈၀ ဦး ရှိပြီး သေဆုံးသူ ဦးရေမှာ ၃၁ ဦး ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ရာသီ တုပ်ကွေးရောဂါ (A(H1N1)pdm 09)ကြောင့် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၄ ရက် အထိ သေဆုံးသူ ဦးရေမှာ ၂၉  ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျအတွင်း H1N1 ရောဂါပိုးကြောင့် တစ်နိုင်ငံလုံး၌ သေဆုံးသူ ၂၁ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ခွေး သို့မဟုတ် တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံ ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီ တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိ ရှိလာခဲ့ပြီး ရောဂါပိုး တွေ့ ရှိသူ ၄၄ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန ၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက ဆင်ဟွာသို့  ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တီဘီရောဂါ ဖြစ်ပွားမှု များသည် မြန်မာနိုင်ငံ၌ ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ရပ် အဖြစ် ရှိနေပြီး ကမ္ဘာ့တီဘီရောဂါ အဖြစ် အများဆုံး နိုင်ငံ ၃၀ တွင် ဆက်လက်ပါဝင်နေသေးကြောင်း ၊ တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံများ စာရင်း၌ မပါဝင်စေရန် ပိုမို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်း (၃)ခု အား ရှောင်တခင်စစ်ဆေး ကာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသောကြောင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ကြောင်း အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည့်သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျ ဇွန်လအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအနက် ၆ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

 H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ခြောက်လသား ကလေးတစ်ဦးအပါအ၀င် ငါးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ယနေ့  နေ့ လယ်၌ မီဒီယာသို့ ပြောကြားခဲ့သည်။