20
Wed, Mar
706 New Articles

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့််အကွာတွင် အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့််အကွာတွင် အနက် (၄၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် လှုပ်ရှားခဲ့ ခြင်း နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ငလျင်ဌာန ခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်က ဆင်ဟွာကိုယနေ့ပြောသည်။

၎င်းငလျင်သည် မတ်လ (၁၃) ရက်၊  မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၁၄)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းလင်းကျော်က “ငလျင်က အင်အား ၅.၁ ဆိုတော့ အင်အားအသင့်အတင့်ရှိတယ်။ ဒါပေမယ့် အနက်ကလည်း ၄၉ ကီလိုမီတာ မှာလှုပ်တာဆိုတော့ ဇောက်နက်တဲ့ ငလျင်လို့ပြောလို့ရတယ်။ ဒါကြောင့်ငလျင်လှုပ်တာကိုခံစားမိသူလည်းသိပ်မရှိဘူး။ ပျက်စီးမှုလည်း မရှိနိုင်ဘူးလို့ ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။  (Xinhua)