23
Tue, Apr
612 New Articles

ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ်တွင်ငွေကျပ် သိန်း ၆၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၂)မူဆယ်(ကွတ်ခိုင်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း၆၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ ၁၇း၃၀နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၂) မူဆယ်(ကွတ်ခိုင်လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နောင်ဗျစ် ကျေးရွာအဝင်၊ ကွတ်ခိုင်-ကောင်းခါး သွားကားလမ်းတွင် လွယ်ခန်ကျေးရွာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ ရောင်ဘန် ကျေးရွာနေ လဒွဲ ၂၃ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ် ထားသော ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၆၃၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)