23
Tue, Apr
612 New Articles

ကချင် ပြည်နယ် အစိုးရ အဖွဲ့ ၏ ၀န်ကြီး ဌာန ပြင်ဆင် ဖွဲ့ စည်းလိုက်ကြောင်း ထုတ်ပြန်

ကချင် ပြည်နယ် ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့် ကြော်ငြာစာ(ဓာတ်ပုံ - Myanmar President Office) Politics, Law & Military

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ကချင် ပြည်နယ် အစိုးရ အဖွဲ့ ၏ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ၀န်ကြီးဌာနအား လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန နှင့် လျှပ်စစ် နှင့် စက်မှုလက်မှု ၀န်ကြီးဌာန အဖြစ် ပြင်ဆင် ဖွဲ့ စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် လွှတ်တော်၏ သဘောတူညီချက် အရ ထိုကဲ့သို့ ပြင်ဆင် ဖွဲ့ စည်းလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော အမိန့် ကြော်ငြာစာတွင် ဖော်ပြခဲ့သည်။(Xinhua)