20
Sat, Jul
558 New Articles

တန်ခူးလအတွက် သင်္ကြန်ပွဲ နှင့် ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့ တံဆိပ် ခေါင်းသစ် ၁ မျိုး ရောင်းချ မည်ဟုဆို

အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အား တွေ့ ရစဉ်(ဓာတ်ပုံ - MOI) Social

ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

မြန်မာ့ စာတိုက် လုပ်ငန်းမှ ၁၂ လရာသီ ပွဲတော်များနှင့် ပန်းများ အထိမ်းအမှတ် ၊ တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း ၊ ကံ့ကော်ပန်းပါ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၁ မျိုးကို ဧပြီ ၅ ရက်တွင် တိုင်းဒေသကြီး/ပြည်နယ် များရှိ လုပ်ငန်းပြည့် စာတိုက် အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီး တို့တွင် ဧပြီ ၅ ရက်၌ ၀ယ်ယူသော စာပို့တံဆိပ်ခေါင်းများ နှင့် ပထမနေ့ စာအိတ် (first day cover) ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရသည်။(Xinhua)