23
Fri, Aug
523 New Articles

ရန်ကုန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

အာဆီယံ နိုင်ငံများမှ နိုင်ငံအလိုက် အစားအစာများ ပါဝင် ပြသသွားမည့် အာဆီယံ အစားအစာ ပွဲတော် ၂၀၁၉ အား မြန်မာနိုင်ငံ ၊ မန္တလေးမြို့ ရှိ Mandalay Convention Centre (MCC) တွင် သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက်တို့ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

မုန်တိုင်းငယ် အရှိန်ကြောင့် နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ် သတင်း သတိပေး နှိုးဆော်ထားကြောင်း သိရသည်။

နေပြည်တော်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ရင်ဆိုင် တုံ့ ပြန်နိုင်ရေးနှင့် အမြဲ အဆင့်သင့် ဖြစ်နေစေ ရေးတို့ မှာ အလွန်အရေးကြီးကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့  ပြန်ရေး စီမံချက် မိတ်ဆက်ခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) 

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း၊  အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍ မိုးကြီးခြင်းများ နှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။ 

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း ကို လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လေပြင်း တိုက်ခတ်၍ လူနေအိမ်တဲ တစ်လုံးပေါ်သို့ သစ်ပင်လဲပြိုမှုကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် သြဂုတ် ၃ ရက်အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၈၇ ဦးထိ ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၆၃ ဦးဖြင့် အများဆုံး ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ပျော်ရွှင်စဖွယ် တရုတ်စာ ဂိမ်းကစားပြိုင်ပွဲကို သြဂုတ် ၄ ရက်က ရန်ကုန်မြို့ ဖူဆန်ဘုရားကျောင်းတွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများအပါအ၀င် အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း ၊Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ မြန်မာနိုင်ငံ တရုတ်အမျိုးသမီးများအသင်းပညာရေးစင်တာ တက်သစ်စ တရုတ်စာသင်ကျောင်း၊ ခိန့်ဟုတ်တရုတ်စာသင်ကျောင်းနှင့် ကျန့်ရို(CLBC)တရုတ်စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲခဲ့ကြသည်။