15
Sun, Dec
505 New Articles

ရန်ကုန်၊အောက်တိုဘာ ၂၇ရက်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း ၊Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ကျန့်ရို(CLBC)တရုတ်စာသင်ကျောင်း၊ MIEC စာသင်ကျောင်း၊ Yangon Noble Language Centerမှ ကျောင်းသားကျောင်းသူ  ၃၀ ကျော် သည် အဖွဲ့ငါးဖွဲ့ခွဲပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ ဒေသခံ ပြည်သူ/သားများ တရုတ်ရုပ်ရှင် ယဉ်ကျေးမှုကို ပိုမို၍ သိရှိလာနိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ CNPC ကုမ္ပဏီက မြန်မာ နောက်ခံ စကားပြော တရုတ်ရုပ်ရှင် ဇာတ်ကားများ ပြသသွားမည့် Open Air ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား ယနေ့စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်ပယ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ်(၇၀)ပြည့်အထိမ်းအမှတ်တစ်ခုအနေဖြင့် “ကျွနု်ပ်နှင့် တရုတ်နိုင်ငံ” ဓါတ်ပုံပြပွဲနှင့် အဖွဲ့လိုက်သီချင်းဆို ပြိုင်ပွဲကိုယနေ့(စက်တင်ဘာလ ၁၅ ရက်)တွင် ရန်ကုန်မြို့ ယူနန်ဘုံကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်၊ သံမှူးကြီးယွီပြင်းကျန်း၊ ထန်စူးဖုနှင့် မြန်မာနိုင်ငံတရုတ်အမျိုးသားအသင်းအဖွဲ့များ၊ တရုတ်စာသင်ကျောင်းများမှ ကိုယ်စားလှယ်များ ၊ဖိတ်ကြားထားသောဧည့်သည်တော်များ ပါဝင်တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

“Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ပြသ မည့် ဖွင့်ပွဲ အခမ်းအနား အား စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Wyndham Grand ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး “အနောက်ဖက် သို့ ခရီးသွားခြင်း” အပါအဝင် တရုတ် ဂန္တဝင် ဇာတ်လမ်းတွဲများ နှင့် မှတ်တမ်း ရုပ်ရှင်များ ကို ရုပ်သံလိုင်းများ ၌ စတင် ပြသ ပေးသွားမည် ဖြစ်သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share” ဖျော်ဖြေပွဲ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr.Pan Feng(ဦးဘုန်းကျော်)၊ မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့်အခြားဖိတ်ကြားထားသောဧည့်သည်တော်များ ၊ သတင်းမီဒီယာများအပါအဝင် စုစုပေါင်း လူ ၁၀၀ ကျော်ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့ ရှိ့ ကလေးငယ် များ အား တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာပုံ နှင့် လမုန့် ပြုလုပ်နည်း များ အား သင်ကြား မိတ်ဆက် ပေးသည့် အစီအစဉ် တစ်ရပ် အား စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ပေးခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား ပါဝင်ဆင်နွှဲ ခဲ့သော မြန်မာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား ကြိုဆိုသည့် အခမ်းအနား နှင့် တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား အား သြဂုတ်လ ၈ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အား ဇွန်လ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Pan Pacific ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို နှင့် တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ယနေ့ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ယူနန် ပြည်နယ် ပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Ruan Chengfa ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms.Li Xiaoyan နှင့် ယူနန် ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် Mr.He Ligui တို့အပါအဝင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Page 1 of 4