23
Fri, Aug
523 New Articles

တရုတ်နိုင်ငံ သံအမတ်ကြီး တာဝန်ထမ်းဆောင်ခြင်း အထိမ်းအမှတ် ညစာစားပွဲ ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင် ကြွရောက်လာစဉ် (ဆင်ဟွာ) Politics

နေပြည်တော်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ၏  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် စတင် တာဝန်ထမ်းဆောင်ခြင်း အထိမ်းအမှတ် ညစာစားပွဲအား နေပြည်တော် horizon Lake Resort Hotel ၌ ယနေ့ ညပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု အဆင့် အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ခဲ့ကြ ပြီး တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်တို့ က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြား ခဲ့ကြသည်။

သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က “မြန်မာနိုင်ငံဟာ ဖွံ့ ဖြိုး တိုးတက်မှုတွေနဲ့  ပူးပေါင်း ဆောင်ရွက်မှု တွေ ဆောင်ရွက်နိုင်တဲ့ နေရာ ဖြစ်ကြောင်း ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားမိပါတယ်၊ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖော်အနေနဲ့  တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက မိမိအခြေအနေ နဲ့ ကိုက်ညီတဲ့ ဖွံ့ ဖြိုး တိုးတက်မှု လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခြင်းနဲ့  နိုင်ငံရေး အသွင် ကူးပြောင်းမှုကို တည်ငြိမ်စွာ တွန်းအားပေး ဖော်ဆောင်နေခြင်းကို တစိုက်မတ်မတ် ထောက်ခံ အားပေးပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရး လုပ်ငန်းစဉ်မှာ အရင်ကလိုပဲ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး ရခိုင်ပြည်နယ် အရေးကိစ္စမှာ မြန်မာနိုင်ငံ ဘက်မှ ရပ်တည်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်အားတွေ့ရစဉ် (ဆင်ဟွာ)

ထို့ အပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့် တိုင်းရင်းသား ပြည်သူ အသီးသီးတို့ ၏ အတူတကွ ကြိုးပမ်းမှု အောက်၌ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ ဖြိုးရေး လုပ်ငန်းများတွင် တိုးတက်မှု အသစ်များ သေချာပေါက် ဆွတ်ခူး ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေ ဆက်စပ်လျက်ရှိ၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်း လှပြီး သဘာဝ ကံကြမ္မာ တူညီသည့် အသိုက်အ၀န်း ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ၌ နှစ်ဦး နှစ်ဘက် အတူတကွ ကြိုးပမ်းမှု အောက်တွင် နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်နေပြီး ကဏ္ဍစုံ လက်တွေ့  ပူးပေါင်း ဆောင်ရွက်မှုများ တစ်နေ့  ထက် တစ်နေ့  နက်ရှိုင်းလာကာ နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့  အကျိုးစီးပွားများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်ပြည်သူ့  သမ္မတနိုင်ငံ  ထူထောင်ခြင်း နှစ် (၇၀)ပြည့်မြောက်နှစ် ဖြစ်သကဲ့သို့  တရုတ် - မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်တော့မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ဆွေမျိုး ပေါက်ဖော် ချစ်ကြည်မှု လက်ဆင့်ကမ်းရေး၊ရပ်ဝန်းနှင့်ပိုးလမ်းမ  Belt and Road နှင့် တရုတ် - မြန်မာ စီးပွားရေး စင်္ကြံ အတူတကွ တည် ဆောက်ရေးတို့ နှင့် စပ်လျဉ်းပြီး အရေးပါသော သဘောတူညီချက်များ ရရှိ ထားကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ ဖြိုး တိုးတက်ရေးသည် နှစ်နိုင်ငံမှ ထူးချွန်ပြီး အမြော် အမြင် ကြီးမားသူတို့ ၏ ထောက်ခံအားပေးမှုနှင့် တွန်းအားပေးမှု လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကာလကြာရှည် ကြိုးပမ်း အားထုတ်ခဲ့ကြသည့် မြန်မာ့ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကို လေးလေးနက်နက် ဂါရ၀ပြုရင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း  သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီး တာဝန်ထမ်းဆောင်ခြင်း အထိမ်းအမှတ် ညစာစားပွဲ ဖွင့်လှစ်စဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး တာဝန်ထမ်းဆောင်ခြင်း အထိမ်းအမှတ် ညစာစားပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး နှင့် ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်အားတွေ့ရစဉ် (ဆင်ဟွာ)

သံအမတ်ကြီးနှင့် ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင် toss လုပ်ကြစဉ် (ဆင်ဟွာ)

တက်ရောက်လာကြသော ပြည်ထောင်စု အဆင့် ဧည့်သည်တော်များ toss လုပ်ကြစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်က “အဆွေတော် သံအမတ်ကြီးအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့် အပ်တာဝန်ပေးအပ်ခြင်းခံရတဲ့အတွက် များစွာ ၀မ်းမြောက် ဂုဏ်ယူမိပါတယ်၊ မြန်မာနိုင်ငံအစိုးရနဲ့  ပြည်သူများကိုယ်စား အဆွေတော်သံအမတ်ကြီး ကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါတယ်၊ သံအမတ်ကြီးအနေနဲ့  မြန်မာ -တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေးနဲ့  နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို အရင်ကထက် ပိုမို တိုးမြှင့် ဖော်ဆောင်သွားနိုင်မယ်လို့ လည်း ယုံကြည်ပါတယ်၊ ကျွန်တော့်အနေနဲ့ လည်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေးနဲ့  နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ဖွံ့ ဖြိုး တိုးတက်ရေးအတွက် သံအမတ်ကြီးနဲ့  အတူ နီးကပ်စွာ လက်တွဲ ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ 

တရုတ်သံအမတ်ကြီး နှင့် ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်အားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး နှင့် ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်အားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး နှင့် ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်အားတွေ့ရစဉ် (ဆင်ဟွာ)

စုပေါင်း ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

ထို့ အပြင် နှစ်နိုင်ငံအကြား အပြန်အလှန် ဖလှယ်မှုများ၊ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ကဏ္ဍပေါင်းစုံတွင် သိသာ ထင်ရှားစွာ အောင်မြင် တိုးတက်မှုများ ရရှိလာသည်ကို ဂုဏ်ယူ ၀မ်းမြောက်ဖွယ် တွေ့ မြင်ရကြောင်း၊ ယခုဆိုလျှင် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၌စီးပွားရေး စင်္ကြံ စီမံကိန်း အပါအ၀င် နှစ်နိုင်ငံအကြား သိသာ ထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု ပြောနိုင် ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း သည် အပြုသဘောဆောင်သည့် ဖွံ့ ဖြိုးတိုးတက်မှု အသစ်များ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်းလည်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့ သည်။

ထို့ နောက် တရုတ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်နှင့် တက် ရောက်လာကြသောပြည်ထောင်စု အဆင့် အဖွဲ့ အစည်း ၀င်ဧည့်သည်တော်များက ၀ိုင်ခွက်များဖြင့် toss လုပ်ကြပြီး ညစာ စားပွဲကို ဆက်လက် ကျင်းပခဲ့ကြသည်။(Xinhua)