23
Tue, Apr
612 New Articles

တရုတ်နိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့် နွေဦးနှစ်သစ်မင်္ဂလာ ဓာတ်ပုံပြပွဲ ရန်ကုန်မြို့တွင် ကျင်းပ

အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များမှ အခမ်းအနား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ ဇန်န၀ါရီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရေးတိုးပွားစေရန်ရည်ရွယ်ကျင်းပသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့် အားလုံးအတူစုံ ပြုံးပျော်ရွှင် နွေဦးနှစ်သစ်မင်္ဂလာ ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး၏ ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)၊ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ဦးနု၊ဒေါ်မြရီဖော်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့ ပါဝင်တက်ရောက် ခဲ့ကြသည်။ 

ပထမဦးစွာ အခမ်းအနားအဖွင့်မိန့်ခွန်းစကားပြောကြားရာတွင် တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး၏ ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)က ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ရာ ပြည်နယ် တစ်ခုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၅၆ မျိုးအနက် ၂၆ မျိုးက ယူနန်ပြည်နယ်တွင် နေထိုင်သောကြောင့် ယဉ်ကျေးမှုအမွေအနှစ်ပေါကြွယ်ဝသလို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အမြောက်အမြားထိန်းသိမ်းကျန်ရစ်ရာနေရာဌာနလည်း ဖြစ်ကြောင်း ၊မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသားလူမျိုးအများအပြားနေထိုင်ရာ နိုင်ငံဖြစ်သောကြောင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ အလွန်ပေါကြွယ်ဝကြောင်း ၊ ယခုကျင်းပပြုလုပ်သည့် ပြပွဲသည် နှစ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူများအကြား နားလည်မှုနှင့် ဖလှယ်မှုများ တိုးပွားလာပြီး သက်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်ဖွံ့ဖြိုးလာစေမည်ဟု မျှော်လင့်ကြောင်း  ပြောကြားခဲ့သည်။ 

အခမ်းအနား စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး၏ဇနီး ၀မ်ရွှဲဟုန်(Wang Xue Hong)မှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

 မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ယူနန် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် မစ္စရှောင်ရီချွန်းမှ ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုအမွေအနှစ်အကြောင်းကို မိတ်ဆက်ပြောကြားစဉ်(ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအခမ်းအနားတွင် လာရောက်ကြည့်ရှုသူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆက်လက်ပြီး မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား ရန်ကုန် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုကူးလူးဆက်ဆံမှုသည် ခရစ်နှစ် ၈၀၂ ခုနှစ်ကပင်စတင်ခဲ့ရာ ယဉ်ကျေးမှုအရ ကူးလူးဆက်ဆံမှုများကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘောထားခံယူချက်များ ပိုမိုသိရှိနားလည်လာ ကာ ချစ်ကြည်ရင်းနှီးမှုများလည်း ပိုမိုခိုင်မာလာခြင်းဖြစ်ကြောင်း၊  ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံနှင့် လူမျိုးဂုဏ်ဒြပ်ကို ထင်ဟပ်စေသောကြောင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးမှာ အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် ကြောင်း၊ ယခုကျင်းပသည့် ယူနန်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲသည် အလွန် အဓိပ္ပါယ်ရှိပြီး အားလုံးအတွက် လေ့လာ မှတ်သားစရာများရရှိမည်ဖြစ်သလို နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထပ်မံတစ်ဆင့်တိုးပွားစေမည်ဟု ယုံကြည်ကြောင်း    ပြောကြားခဲ့သည်။ 

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကလည်း ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့်တောတောင်ရေမြေချင်းထိစပ်နေရာ တိုင်းရင်းသား၊ယဉ်ကျေးမှုအမွေအနှစ်ချင်း ဆက်နွယ်မှုများစွာရှိကြောင်း ၊ နှစ်နိုင်ငံယဉ်ကျေးမှုကူးလူးဆက်ဆံရေးသည် ရှေးနှစ်ပေါင်း များစွာကတည်းကရှိခဲ့ကြောင်း၊ ယခုမှာ ရှိရင်းစွဲအပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ခြင်းဖြစ်ရာ ပြပွဲဖြစ်မြောက်အောင် ပါဝင်ဆောင်ရွက်သူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် ယူနန် ယဉ်ကျေးမှုအဖွဲ့ အဖွဲ့ခေါင်းဆောင် မစ္စရှောင်ရီချွန်းမှ ယူနန်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

ပြပွဲအခမ်းအနားတွင် ရိလျောင် ၀ါးရက်လုပ်ခြင်း၊ သံဖြူထည်ပြုလုပ်ခြင်း၊ ကျန့်ချွန်းပန်းပု၊ ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်၊ နရှီးလူမျိုး တုန်ပါးပန်းချီ၊ ဗူးပုလွေတီးမှုတ်တူရိယာ၊ အရိပ်ပြရုပ်သေးပြုလုပ်ခြင်း စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမျိုးအစား ၁၆ မျိုး ခင်းကျင်းပြသထားရာ လာရောက်ကြည့်ရှုလေ့လာ သူများ နှင့်စည်ကားလျက်ရှိသည်။ 

အဆိုပါပြပွဲကို ဇန်န၀ါရီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)