22
Tue, Jan
661 New Articles

ဂျာကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း East Nusa Tenggara ပြည်နယ် တွင် ဇန်နဝါရီ ၂၂ရက် က အင်အား ၆.၂ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီဖြစ်ပေါ်နိုင်ခြေမရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပ ဌာနကပြောကြားခဲ့သည်။

ဒါကာ ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာဆေးကောလိပ်ဆေးရုံ(DMCH)၌ နှစ်နှစ်ခွဲကျော်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ၂ဝ၁၈ ခုနှစ် မေလတွင် ဆေးရုံမှ ဆင်းခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား “ သစ်ပင်လူသား” သည် ၄င်း၏ ကျန်းမာရေးအခြေအနေမှာ တစ်ရက်ပြီးတစ်ရက် ပြန်လည်ဆိုးဝါးလာသဖြင့် နောက်တစ်ကြိမ် ဆေးရုံတက်ရောက် ကုသမှု ခံယူနေရကြောင်း သိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) 

တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

တိုကျို ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံမှ အသက် ၁၁၃ နှစ်အရွယ် လက်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး အဖိုးအို မာဆာဇိုနိုနာကာ ( Masazo Nonaka) သည် ဇန်နဝါရီ ၂ဝ ရက်တွင် ၄င်း၏ နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျပန်မီဒီယာက ရေးသားဖော်ပြခဲ့သည်။

ဂျကာတာ ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ)

မကြာသေးခင်က ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာဘောလုံးပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်း ရလဒ်များမကောင်းခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ ချုပ်(PSSI) ဥက္ကဋ္ဌ အက်ဒီရာမယတ်ဒီ (Eddy Rahmayadi) သည် ယနေ့ ဇန်နဝါရီ ၂ဝ ရက်တွင် ဘာလီမြို့ ၌ ကျင်းပသည့် ဘောလုံးအဖွဲ့ ချုပ်ညီလာခံတွင် ၄င်းအနေဖြင့် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ဘန်ကောက် ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha)က ဇန်ဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော အနည်းဆုံး သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရသည့် ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝတ်(Narathiwat) ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဇန်နဝါရီ ၁၉ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်သွားရန် အမိန့် ပေးခဲ့ကြောင်း သိရသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ဘက်စွန်း ပတ်တာနီပြည်နယ် နန်ချစ်ခရိုင်တွင် ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ကျောင်းဆရာအဖွဲ့တစ်ဖွဲ့အား လိုက်ပါစောင့်ရှောက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်စွာဒဏ်ရာရသွားကြောင်း သိရသည်။

 

ဂျာကာတာ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ရှိ Aceh ပြည်နယ် တွင် ဇန်နဝါရီ ၁၇ ရက် က အင်အား ၅.၇ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာနကပြောကြားခဲ့သည်။

ဒါဗို့ စီးတီး ၊ ဖိလစ်ပိုင် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒါဗို့ မြို့ (Davao) ၌ ယနေ့ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ အင်အားအလယ်အလတ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ပျက်စီးဆုံးရှုံးမှုမရှိဟု မျှော်လင့်ရကြောင်း ဖိလစ်ပိုင်ငလျင်ကျွမ်းကျင်သူများက ဆိုသည်။ 

ဆိုးလ်၊ ဇန်န၀ါရီ ၁၅ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ Cheonan မြို့ ဟိုတယ်တစ်ခုတွင် ဇန်န၀ါရီ ၁၄ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။