26
Mon, Aug
514 New Articles

နယူးဒေလီရှိ ဟိုတယ်မီးလောင်မှုကြောင့် လူ၁၇ဦးသေဆုံး

ဟိုတယ်မီးလောင်နေမှုအားတွေ့ရစဉ်(အင်တာနက်) Asia

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

နယူးဒေလီမြို့ရှိ ဟိုတယ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၂ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအ၀င် လူ၁၇ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် လူ ၃၀ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊မီးဘေးမှ လွတ်မြောက်ရန် Arpit Palace ဟိုတယ် သုံးလွှာမှ ခုန်ချခဲ့သော လူသုံးဦးမှာ ဒဏ်ရာအပြင်းထန်စွာ ရရှိခဲ့ကြောင်း ကနဦး ထုတ်ပြန်ချက်အရ သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မီးသတ်သမား ၂၅ ဦးသည် မီးလောင်ရာနေရာသို့ အပြေး သွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။(Xinhua)