20
Sat, Jul
558 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကုန်သွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုနှင့် နိုင်ငံစုံပါဝင်ရေးမူဝါဒအား ထပ်လောင်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ) Asia

ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စီးပွားရေးနှင့် ကုန်သွယ်ရေးပြဿနာရပ်များနှင့် ပတ်သက်၍ ပြောကြားရာတွင် အပြန်အလှန်လေးစားမှုနှင့် ဘက်ပေါင်းစုံပါဝင်သော ကုန်သွယ်မှု စည်းမျဉ်းများအား စောင့်ထိန်းမှုများအပေါ်အခြေခံ၍ ညီမျှသော ဆွေးနွေးညှိနှိုင်းမှုအတွက် ဇွန်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

သက်ဆိုင်ရာနိုင်ငံများကလည်း ကိုယ်ကျိုးစီးပွားရှာဝါဒနှင့် တစ်ဖက်သတ်ဝါဒအား မည်သည့်အခါမျှ မလုပ်ဆောင်သင့်ကြောင်း တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီမြို့တွင် ကျင်းပသော Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး၌ ရှီက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)