22
Tue, Jan
661 New Articles

ပါရီ ၊ ဇန်န၀ါရီ ၂၁ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ်ရှိ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

အချင်းဖြစ်ရပ်မှာ Courchevel နှင်းလျှောစီးအပန်းဖြေစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူများအနက် ၄ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ၁၈ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း  ပြင်သစ်နိုင်ငံ BFMTV ရုပ်မြင်သံကြားဌာန၏ သတင်းများအရ သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်အဆောက်အဦအတွင်း အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း ၊မီးကူးဆက်မှု အလွန်မြန်ဆန်သောကြောင့် အချို့မှာ တိုက်ပေါ်မှ မလွဲမရှောင်သာ ခုန်ချထွက်ပြေးခဲ့ရကြောင်း သိရသည်။ 

မီးသတ်ဌာနက မီးသတ်သမား ၁၀၀ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ၊လက်ရှိတွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆိုသည်။

 (Xinhua)

နီကိုရှား ၊ ဇန်န၀ါရီ ၁၉ ရက်(ဆင်ဟွာ)

ဆိုက်ပရပ် နိုင်ငံ စီးပွားရေး ၂၀၁၃ ခုနှစ်တွင် စီးပွားရေး အကျပ်အတည်း နိမ့်ကျနေသည့် အခြေအနေမှ ဆွဲတင်နိုင်ခြင်း နှင့် တိုးတက်မှု အတွက် ဆက်လက် မောင်းနှင်ပေးသော အဓိက ကဏ္ဍ ဖြစ်သည့် ခရီးသွား လုပ်ငန်းသည် ၂၀၁၈ တွင် ၇.၈ ရာခိုင်နှုန်း အထိ တိုးတက်လာကြောင်း ဆိုက်ပရပ် စာရင်းအင်း ဌာနမှ ဇန်န၀ါရီ ၁၈ ရက်တွင် ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

အန်ကာရာ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံမြို့တော် အန်ကာရာမြို့တွင် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စက်ရုံတစ်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၅ဦးသေဆုံးပြီး အခြားလူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လန်ဒန်၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

အစိုးရအပေါ်အယုံအကြည်မရှိအဆိုအား ဇန်န၀ါရီ ၁၆ ရက်က ဗြိတိန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။ 

လန်ဒန်၊ ဇန်န၀ါရီ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးအသိုက်အ၀န်း၏အရေးပါဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ၊ ထိုအခြေအနေမှာ နောင်နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲမည် မဟုတ်ကြောင်း ဗြိတိန် အောက်စ်ဖို့ဒ်တက္ကသိုလ် စီးပွားရေးသုတေသနဌာန၏ ဇန်န၀ါရီ ၁၅ ရက် က ထုတ်ပြန်သည့် သုံးသပ်ချက်အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ 

လန်ဒန်၊ ဇန်န၀ါရီ ၁၆ ရက်(ဆင်ဟွာ)

ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအကြား ဆွေးနွေးထားသည့် Brexit သဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်တွင် ဇန်န၀ါရီ ၁၅ ရက်က မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။ 

ဘာလင် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ဆောင်မှု လုပ်ငန်း အလုပ်သမား အဖွဲ့ချုပ် က ဇန်နဝါရီ ၁၄ ရက် ၌ ဖရန့်ဖွတ် ၊ မြူးနစ် နှင့် ဟမ်းဘတ် စသည့် လေဆိပ်ကြီး ၈ ခု ရှိ လုံခြုံရေး ဝန်ထမ်းများအား ဆက်လက် ဆန္ဒပြသွားရန် တိုက်တွန်း ခဲ့သောကြောင့် ခရီးသည် ပေါင်း ၂၂၀,၀၀၀ ၏ သွားလာရေး အပေါ် သက်ရောက်မှု ဖြစ်ပွား နိုင်ကြောင်း သိရှိရသည်။

အန်ကာရာ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ က ဇန်နဝါရီ ၁၄ ရက် တွင် ဆီးရီးယား အရေး နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး ဆီးရီးယား နိုင်ငံ မြောက်ပိုင်း တွင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြ မြေပုံ ၊ လုံခြုံရေး ဇုန် တည်ဆောက်ရေး နှင့် အမေရိကန် နိုင်ငံ တပ်ဖွဲ့များ ဆီးရီးယား မှ ပြန်လည် ရုပ်သိမ်းရေး နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

မော်စကို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အရေးပေါ် အခြေအနေ ဌာန ၏ ထုတ်ပြန် ကြေညာချက် အရ နိုင်ငံ တောင်ပိုင်း Rostov ပြည်နယ် Shakhty မြို့  ရှိ နေအိမ် တစ်ခု က ဇန်နဝါရီ ၁၄ ရက် ၌ သဘာဝ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ တစ်ဦး သေဆုံး ခဲ့ပြီး ၄ ဦး ပျောက်ဆုံး နေကြောင်း သိရှိရသည်။

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဂီတဖျော်ဖြေပွဲတစ်ခုတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသည်ဟု သံသယရှိသူတစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် လေးလအတွင်း သေဆုံးသူ ၅ ဦအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။