ဘန်ကောက် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝီဝန်ဆူဝမ်(Prawit Wongsuwan)က ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လုံခြုံရေး အစီအမံများနှင့် စပ်လျဉ်း၍ လုံခြုံရေး အေဂျင်စီများမှာ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပေါ် အာရုံ စိုက်ကာ ယခုအခါတွင် အမြင့်ဆုံး တပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။