ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
ယခုနောက်ပိုင်းတွင် နိုင်ငံတကာပို့ကုန်ကဏ္ဍ၌ ပုံမှန်ကုန်သွယ်ရေးသာမက နယ်စပ်ကုန်သွယ်ရေးတွင်ပါ အရည်အသွေးပိုင်းအား ပိုမိုဦးစားပေးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်မှုအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။