ဝူးလူမုချီ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ Sassnitzမှ စတင်ထွက်ခွာလာသည့် “ချန်းအန်” တရုတ်-ဥရောပရထားကြီးသည် မော်တော်ယာဉ်အပိုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းကိရိယာ၊ ပရိဘောဂ၊ အိမ်သာရေချိုးခန်းသုံး ကုန်ပစ္စည်းများ တင်ဆောင်၍ တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ အားလားဆန်းခိုနယ်စပ်ဂိတ်သို့ ယခုရက်ပိုင်းများအတွင်း အဆင်ပြေချောမွေ့စွာ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ယခုနှစ်အတွင်း ယင်းဂိတ်တွင် ဖြတ်သန်းသွားလာသည့် ရထားအစီးရေ (၁,၅၀၀)မြောက် တရုတ်-ဥရောပရထားကြီး ဖြစ်သည်။

 

ထိုက်ယွမ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လေ့လာရေးဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဧပြီ ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ကူမင်း၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးစား ရေအားလျှပ်စစ်စက်ရုံသစ်ကြီးသည် ဇူလိုင်လတွင် စတင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် ၎င်း၏ရေကာတာတွင် ရေစတင်သိုလှောင်ထားပြီဖြစ်ကြောင်း သိရသည်။

နန်နင်း ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တောင်ပိုင်းမြို့တော် နန်နင်းမြို့၌ အွန်လိုင်း(online) နှင့် အော့လိုင်း (offline) နှစ်မျိုးစလုံးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးက ဧပြီ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဟွားလျန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ချင်းမင်ပွဲတော်ကာလ ရုံးပိတ်ရက် (၄) ရက်စတင်ခဲ့သည့် ဧပြီ ၂ ရက်က နှစ်ပေါင်း (၄၀)ကျော်ကာလအတွင်း သေဆုံးဒဏ်ရာရမှု အဆိုးဆုံးဖြစ်သည့် ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ၍ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သလို လူပေါင်းတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။

ချောင်ချွန်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်း မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော FAW အုပ်စုမှ ထုတ်လုပ်သည့် Hongqi ကားအမျိုးအစားသည် ယခုနှစ်ပထမသုံးလပတ်(Q1) တွင် ရောင်းအားမြင့်တက်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လေကြောင်းကုန်တင် ဦးဆောင်ကုမ္ပဏီဖြစ်သည့် SF လေကြောင်းလိုင်းများက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ချိတ်ဆက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း လေကြောင်းလိုင်းက ယနေ့ ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးထားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအသစ်နှစ်ပုံကို မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပိကျယ်၊ မတ် ၂၅ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်-ဟက် အဝေးပြေးလမ်းမကြီး၏ ပိကျယ်လမ်းပိုင်းတည်ဆောက်မှုများကို တည်ငြိမ်စွာ တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

ရှန်ဟိုင်း၊မတ် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြူနီစီပယ်က လာမည့် မတ် ၂၉ ရက်မှ စတင်ကာ မြို့အတွင်းရှိ နိုင်ငံခြားသားများကို မိမိဆန္ဒအလျှောက် COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။