ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)


တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၄ ရက်တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည့် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) နှင့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။  (Xinhua)

နန်နင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့တွင် ဒီဇင်ဘာ ၈ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသတွင်း ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

လာဆာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ရာတွင် အဓိကအောင်မြင်မှု ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ(CPC) အကြီးအကဲWu Yingjie က ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဆန်းကျန့်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ဆန်းကျန့် အထူးစီးပွားရေးဇုန် (SEZ) တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့( အောက်တိုဘာ ၁၄ ရက်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချန်ရှား၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် မြို့တော်ချန်ရှားနှင့် အခြားမြို့များဖြစ်သည့် ချန်တယ်၊ ရိယန်တို့ကို ချိတ်ဆက်မည့် ချန်ရိချန်(ချန်တယ်-ရိယန်-ချန်ရှား)မိုးပျံရထားလမ်းတည်ဆောက်မှု၏ ရိချန်(ရိယန်-ချန်ရှား)တံတားတည်ဆောက်မှုအပိုင်းတွင် ချိတ်ဆက်လမ်းခင်းမှုလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ဝင်ရောက်ပြသရန် စီးပွားရေးပြခန်းများအတွက် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Beijing Daxing နိုင်ငံတကာလေဆိပ်သည် စက်တင်ဘာ ၂၅ ရက်တွင် လုပ်ငန်းလည်ပတ်ခြင်းတစ်နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အဓိက စီမံကိန်းများစတင်ခြင်း ပြန်လည်ဆောင်ရွက်ခြင်းနှင့် လူမှုရေးဆိုင်ရာ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပေါ် အားပေးခြင်းတို့ကြောင့် ယခုနှစ် ပထမရှစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မှုရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။

ဟူးဟောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း  အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ ခုနှစ်မှစ၍ နယ်စပ်စခန်းမြို့ဖြစ်သော Erenhot  မှတစ်ဆင့် တရုတ်-ဥရောပ ကုန်စည်ရထား စုစုပေါင်း ၅,၀၈၈ စင်း ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသရထားလမ်းလုပ်ငန်း၏ သတင်းရင်းမြစ်များအရ သိရသည်။

ချုံချင့်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ အွန်လိုင်း စမတ်ကုန်စည်ပြပွဲ (2020 Smart China Expo Online) ကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ပူးတွဲကျင်းပသည့်ပြပွဲလည်း ဖြစ်သည်။