ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးဇေကမ္ဘာဝင်းအတွင်း၌  ၂၀၁၅ ခုနှစ်  ဇူလိုင်လအတွင်းက ကွန်တိန်နာကားအတွင်းရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်းအား  ဖမ်းဆီးရမိခဲ့ရာ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား အဓိကထုတ်လုပ်သူကို ၅ နှစ်အကြာ၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC myanmar)ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ လအတွင်း YBS ယာဉ်များအားအရေးယူမှုပေါင်း ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာသို့ အောက်တိုဘာ ၃၁ ရက်တွင်ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)


မြန်မာ့ စပါးအုံးခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ယှဉ်ပြိုင်ထိုး သတ်ပွဲကို အောက်တိုဘာ လ ၃၀ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ရာ အောင်လအန်ဆန် မှာ ပထမအချီစ၍ မကြာမီမှာပင် ပြိုင်ဘက်၏ ဖမ်းချုပ်ခြင်းခံရကာ အရှုံးပေးခဲ့ရသောကြောင့် မစ်ဒယ်ဝိတ်တန်းရွှေခါးပတ် ကို စွန့်လွှတ်လိုက်ရကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွဲ့စည်းထားရှိသော ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များသည် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များအတွက် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ ကြိုတင်မဲဆန္ဒများ ကောက်ယူပေးလျက်ရှိရာ ယင်းကြိုတင်ဆန္ဒမဲလက်မှတ်များအား ပယ်မဲအဖြစ်မသတ်မှတ်သည့် အချက်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အာက်တိုဘာ ၃၀ ရက်ညတွင် ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၃၀ ရက်)၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မျိုးစေ့ဘဏ်အနေဖြင့် အာဟာရဓာတ် ပိုမိုကြွယ်ဝပြီး အထွက်နှုန်းကောင်းမွန် စေရန်ရည်ရွယ်၍ ယခုနှစ် မိုးရာသီတွင် ဆန်နီ (Red Rice) နှင့် ဆန်အရောင်စုံမျိုးဗီဇကွဲများ မျိုးပေါင်း (၂၀၀) ကျော် ကို ထပ်ပြုကြိမ်(၃) ကြိမ်ဖြင့် စိုက်ပျိုး၍ ယခုအခါ အထွက်နှင့်အထွက်မိတ်ဖက်များ ကနဦးလေ့လာမှုများပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ သုတေသနပြုချက်ဆောင်ရွက်ပြီးစီးပါက တောင်သူများထံသို့ဝေမျှသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဘဏ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမင်းစံသိန်းက ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း က ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။

နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဇနီးတို့ ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁) တွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက် ခဲ့ကြသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)


COVID-19 ကာလအတွင်း  အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာဖြင့် မဲပေးနိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို အပြည့်ကျင့်သုံးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

၂၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၃,၃၅၄,၅၃၈ အုပ်ရိုက်ထုတ်ခဲ့ရာတွင်  ထီစာအုပ် ၂,၇၈၇,၃၆၉အုပ်သာရောင်းချခဲ့ရကြောင်း၊ ထီစာအုပ် ၅၆၇,၁၆၉ အုပ် မှာရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။