ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ဟေမာန်


တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပိုမိုတွန်းအားပေးရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် တက်တက်ကြွကြွ သဘောတူညီကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ခုနှစ် ကြံရာသီတွင် တရုတ်နိုင်ငံသို့ ကြံတန်ချိန် တစ်သန်းကျော် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၃၂ကြိမ်မြောက် စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၂၁ (Food Expo 2021 )ပြပွဲကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ Hong Kong Convention and Exhibition Center တွင် သြဂုတ် ၁၂ ရက် မှ ၁၆ ရက် အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လုပ်လုပ်ငန်းရှင်များအား ဖိတ်ကြားထားကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက် တွင် ပြောကြားသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များအား တရုတ်နိုင်ငံဘက်မှ ဝယ်ယူရန် စိတ်ဝင်စားသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့် ပတ်သက်၍ အသုံးပြုပုံ၊ စက်ပိုင်းဆိုင်ရာများနှင့်လိုအပ်သည့် ညှိနှိုင်းမှုများဆောင်ရွက်ကာ မြန်မာနိုင်ငံဘက်မှ ယင်း ရထားတွဲဆိုင်းများကို လွှဲပြောင်းလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးညီညီဆွေက ဆင်ဟွာသို့ ဇန်နဝါရီ ၆ ရက်တွင်ပြောကြားသည်။