ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၃၂ကြိမ်မြောက် စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၂၁ (Food Expo 2021 )ပြပွဲကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ Hong Kong Convention and Exhibition Center တွင် သြဂုတ် ၁၂ ရက် မှ ၁၆ ရက် အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လုပ်လုပ်ငန်းရှင်များအား ဖိတ်ကြားထားကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက် တွင် ပြောကြားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များအား တရုတ်နိုင်ငံဘက်မှ ဝယ်ယူရန် စိတ်ဝင်စားသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဓိကအသုံးပြုသော အဝင်/အထွက်ဂိတ် ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ ၂၄ နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း မူဆယ်မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတာဝန်ခံ ဦးနေမျိုးထိုက်ကျော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကွဲအိတ်ရေ ၃၀,၀၀၀ ဝန်းကျင် တင်ပို့နေရကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။

ထျန်းကျင်း၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှ ဟဲပေပြည်နယ် စီကျားကျွမ်းမြို့သို့ ချိတ်ဆက်ထားသည့် ကျင်းစီ မြန်နှုန်းမြင့်အဝေးပြေးလမ်းမကြီးကို ဒီဇင်ဘာ ၂၂ ရက်က တရားဝင် စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ရာ မြို့နှစ်မြို့အကြား ခရီးအကွာအဝေးကို အချိန် ၃ နာရီအထိ လျှော့ချနိုင်ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကြောင့် ခေတ္တရပ်နားထားရသည့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲများတင်ပို့မှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး Online ကုန်စည်ပြပွဲကို ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ Myanmar Online Expo Park Platform တွင် ပြခန်းပေါင်း ၆၀ ဖြင့် Online မှ တည်ဆောက်ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမျိုးသူက ဆင်ဟွာသို့ နိုဝင်ဘာ ၂၄ ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်


COVID-19ကာလအတွင်း အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် ၁၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်းကို COVID-19 ဒုတိယလှိုင်းစတင်ချိန်ကထက် တင်ပို့မှုပြန်လည်မြင့်တက်လာခဲ့ကြောင်း နှင့် ကုန်သွယ်မှုတွေ မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံ ပြည်တွင်းတွင် ဖြေလျှော့မှုများပြုလုပ်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

Kunming Spring Festival Shopping Expo ပြပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှပါဝင်ပြသရန် ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။