ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ခုနှစ် ကြံရာသီတွင် တရုတ်နိုင်ငံသို့ ကြံတန်ချိန် တစ်သန်းကျော် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက် ၌ ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ခန်းမဆောင်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံ Bank of China က မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲ ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီ ၃၀ မိနစ်အထိ တရုတ်နိုင်ငံပေကျင်း ၊ ဟောင်ကောင် ၊ မြန်မာနိုင်ငံ နေပြည်တော် နှင့် ရန်ကုန် နေရာ ၄ ခုမှနေ၍ ZOOM meeting ပုံစံဖြင့် အွန်လိုင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အားကစားပစ္စည်း နှင့် အားကစားနည်းပညာကူညီထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီပွားရေးသံမှူး ထန်းဆူဖု ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်း အစုံရေ ၂၄၀,၀၀၀ အား မြန်မာနိုင်ငံအစိုးရထံ ယနေ့လှူဒါန်း လှူဒါန်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများအား ပေးအပ် လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရသိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်၌ ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFVP) အတွင်းရေးမှူးဦးကျော်သူက ဆင်ဟွာသို့ အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားသည်။

နေပြည်တော်၊စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လန်ချန်း-မဲခေါင်နှစ်နိုင်ငံ တရုတ်-မြန်မာ လူငယ်သိပ္ပံနှင့်နည်းပညာဖလှယ်ပွဲ ဆိုင်ရာလှုပ်ရှားမှုအား တရုတ်နိုင်ငံGuanhxiရှိကွေ့လိန်မြို့(Guilin)နှင့်မြန်မာနိုင်ငံရန်ကုန်မြို့ တို့တွင် Video Conferencing ဖြင့်စက်တင်ဘာ ၁၄ ရက် က အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပညာတော်သင်ဆု ရရှိခဲ့သည့် ကျောင်းသားများ အတွက် ဘွဲ့ နှင်းသဘင် အခမ်းအနား ကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီပွားရေး သံရုံး တွင် ဩဂုတ် ၁၀ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု ကြောင့် တရုတ် နိုင်ငံ သို့ သွားရောက်၍ ဘွဲ့နှင်းသဘင် အခမ်းအနား မတက်ရောက် နိုင်သည့် မြန်မာ ပညာတော်သင် ကျောင်းသား/ကျောင်းသူ အချို့ ကို ဘွဲ့ လက်မှတ် များ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။