နယူးဒေလီ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၂)သိန်း(၂)သောင်းကျော် ရှိပြီး ယင်းတို့အနက် ဓာတ်မတည့်မှုဖြစ်ပွားသူ စုစုပေါင်း(၄၄၇)ဦးရာ အများစုမှာ လက္ခဏာအနည်းငယ်ပြခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက် ၀၀:၀၀ နာရီအထိ အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃၀,၂၀၈)ဦးထိ ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်အပတ်ကထက် (၁.၇)ဆ ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၆ ရက် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

မလေးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်သည့် Pharmaniagaသည် ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ Sinovacကုမ္ပဏီနှင့်အတူ COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Sinovac ကုမ္ပဏီမှ မလေးရှားကို COVID-19 ကာကွယ်ဆေး တစ်ဝက်ကုန်ချော(Semi-finished products) (၁၄)သန်းပေးမည်ဖြစ်ပြီး ကာကွယ်ဆေးနောက်ဆုံးကုန်ချောကို Pharmaniagaကုမ္ပဏီနှင့်အတူ မလေးရှားတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံတွင် ဗြိတိန်၊ တောင်အာဖရိကနှင့် အပြည့်အဝ တူညီမှုမရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ၁၁ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော်ရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ကောင်းကျန်းက ယနေ့တွင် ပြောကြားခဲ့သည်။

တိုကျို၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဇန်နဝါရီ ၆ ရက်တွင် ဂျပန်နိုင်ငံ၏ တစ်ရက်အတွင်းကိုဗစ်အတည်ပြုလူနာဦးရေသည် ပထမဆုံးအကြိမ်အဖြစ် (၆,၀၀၀)ကျော် ရှိခဲ့ရာ နှစ်ရက်ဆက်စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မနီလာ၊ဇန်နဝါရီ၆ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ရှိ ဟိုတယ်တစ်လုံးတွင် လာရောက်ကြသော ဧည့်သည်များ COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ဘက်စုံသုံး ပလက်စတစ် ပူဖောင်း သီးသန့်အလုံပိတ် စားသောက်ခန်းငယ်များကို ဖွင့်လှစ်ထားကြောင်း သိရသည်။ အဆိုပါ သီးသန့်အလုံပိတ်အခန်းငယ်များကို တစ်ခုနှင့်တစ်ခု ခပ်ခွာခွာ နေရာချထားပြီး လာရောက်စားသောက်ကြသော ဧည့်သည်များ ဘေးကင်း လုံခြုံ စိတ်ချမ်းမြေ့စွာ စားသုံးနိုင်ရန် ဖန်တီးပေးထားသည်။

ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့် စစ်သား ၈၃,၅၆၆ ဦး တပ်ဖြန့်ချထားကြောင်း သိရသည်။

ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့် စစ်သား ၈၃,၅၆၆ ဦး တပ်ဖြန့်ချထားကြောင်း သိရသည်။

တိုကျို၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19ကပ်ရောဂါ ဆိုးဝါးလာမှုအခြေအနေကို ဟန့်တားရန် မြို့တော် တိုကျိုနှင့်အနီးတစ်ဝိုက်ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ထပ်မံဆောင်ရွက်ရန် အစိုးရက စဉ်းစားနေကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။