ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၂၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၂,၇၀၆) ဦးရှိလာပြီဖြစ်ကာ လူနာ(၁၈)ဦးထပ်မံသေဆုံးခဲ့သဖြင့် ၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၂၃၇) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၃၁ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)


COVID-19 အတည်ပြုလူနာသစ် (၁,၀၉၃) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၁,၄၉၆) ဦးရှိလာပြီဖြစ်ကာ လူနာ(၂၀)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၂၁၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၃၀ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုရန် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် မဲပေးသူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူးများ ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ အသုတ်ခွဲ၍ ရောက်ရှိလာကြောင်း၊ တရုတ်နိုင်ငံအစိုးရ သက်ဆိုင်ရာဌာနများနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အဆိုပါမင်ဘူးများ တရုတ်နိုင်ငံ၌ အရည်အသွေးစစ်ဆေးခြင်း၊အကောက်ခွန်ရှင်းလင်းခြင်းစသည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏  အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၀၆ ဦးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၂၅ ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာ ၂၈ ရက် ) ညပိုင်းတွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၀၆ ဦးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၂၅ ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာ ၂၈ ရက် ) ညပိုင်းတွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ခရီးသွား လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာချိန်တွင် မိမိတို့ ဟိုတယ် လုပ်ငန်းများကို COVID Safe Service ဖြစ်စေရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် သွားနိုင်ရန် တိုက်တွန်းလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ယနေ့ ကျင်းပသော နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရုံး အဆောက်အအုံ ပန္နက်တင်ပွဲအခမ်းအနား၌ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၆၆ ဦးတွေ့ရှိခဲ့ပြီးဆေးရုံဆင်းခွင့်ရရှိသူ ၁,၃၆၆ ဦးနှင့် သေဆုံးလူနာ ၂၅ ဦးအသီးသီးရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ညပိုင်းထုတ်ပြန်မှုအရသိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

COVID-19 ရောဂါထိန်းချုပ်ရေးတွင် ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းများ ပိုမို ပါနိုင်ရန် အစီအစဉ်များ လုပ်နေကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို နိုဝင်ဘာ ၃၀ ရက် မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၄၀၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၄၂၆ ဦး တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။