ဂျီနီဗာ ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ်  (Tedros Adhanom Ghebreyesus) က လက်ရှိချိန်တွင် တစ်ကမ္ဘာလုံး အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ နိုင်ငံများ၌ COVID-19 ကပ်ရောဂါက အရေးကြီးသည့်အချိန်ကာလတွင်ရောက်ရှိနေပြီး ရှေ့လာမည့်လများတွင် လွန်စွာခက်ခဲမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် နိုင်ငံတကာမိတ်ဖက်များက COVID-19 ရောဂါ ဆိုင်ရာ အရှိန်မြှင့်တင်ရေး(ACT) လှုပ်ရှားဆောင်ရွက်မှုသည် သက်ဆိုင်ရာအစိုးရများ ၊ ပုဂ္ဂလိကကဏ္ဍများ ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် “ စည်းလုံးညီညွတ်မှုကိုဖော်ပြသည့် အရှိန်အဟုန်တစ်ခု” အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ နှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများက စက်တင်ဘာ ၃၀ ရက်တွင် ကြိုဆိုလိုက်ကြောင်း သိရသည်။

ဂျနီဗာ ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အနာဂတ် တွင် COVID-19 ရောဂါ ကာကွယ်ဆေး တရားဝင် စတင်အသုံးပြုချိန်တွင် ကနဦး ကာလ ၌ ကာကွယ်ဆေး က အကန့်အသတ် ရှိသဖြင့် နိုင်ငံ အသီးသီး ၏ အထူးသတ်မှတ်ထားသူများကိုသာ ဦးစွာ ထောက်ပံ့ပေးမည် ဖြစ်ပြီး အချို့နိုင်ငံများ၏ ပြည်သူအားလုံးကို ထောက်ပံ့ပေးမည် မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် က စက်တင်ဘာ ၄ ရက် ၌ ပြောကြား ခဲ့သည်။

ပေကျင်း၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) 

အရွယ်မရောက်သေးသော ကလေးငယ်များ နှာခေါင်းစည်းတပ်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့ က ပူးတွဲ၍ ဩဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ရာ အရွယ်ရောက်ပြီးသော လူကြီးများနှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်သည့်နေရာတွင် အသက် ၁၂ နှစ်အထက် ကလေးများလည်း နှာခေါင်းစည်းတပ်ဆင်သင့်ကြောင့် အကြံပြုထားသည်။

 ဂျီနီဗာ၊  ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဖြစ်ပွားမှုသည် အချိန်ကာလအားဖြင့် နှစ်နှစ်အောက် ကြာမြင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။ 

ဘရပ်ဆဲလ် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဥရောပ ကော်မရှင် နှင့် AstraZeneca ကုမ္ပဏီ အကြား COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူမှု ဆိုင်ရာ သတောတူညီချက် ရရှိခဲ့ပြီး ယင်း ကုမ္ပဏီ ၏ COVID-19 ရောဂါ ကာကွယ်ဆေး အသစ် က လုံခြုံထိရောက်ကြောင်း သက်သေပြနိုင်ချိန်တွင် ဥရောပ ကော်မရှင် အနေဖြင့် ယင်းကုမ္ပဏီ မှ ကာကွယ်ဆေး အခုရေ သန်း ၃၀၀ ဝယ်ယူသွားမည် ဖြစ်ပြီး လိုအပ်ပါက အခုရေ သန်း ၁၀၀ ထပ်မံဝယ်ယူပိုင်ခွင့် ရှိကြောင်း ၊ ယင်း သဘောတူညီချက် က ဥရောပ ကော်မရှင် မှ COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူမှု ဆိုင်ရာ ရရှိခဲ့သော ပထမ ဦးဆုံးသော သဘောတူညီချက် ဖြစ်ကြောင်း ဥရောပ ကော်မရှင် က သြဂုတ် ၁၄ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

မော်စကို ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဆိုင်ရာ ရုရှား နိုင်ငံ ကိုယ်စားလှယ်က သြဂုတ် ၁၂ ရက် ၌ ရုရှား အစိုးရ အနေဖြင့် ရုရှား နိုင်ငံ မှ ထုတ်လုပ်လိုက်သည့် COVID-19 ရောဂါ ကာကွယ်ဆေး အား အရည်အသွေး စစ်ဆေးမှု ပြုလုပ်ပေးရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ထံ တင်ပြ ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က လည်း ရုရှား နိုင်ငံ အား ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု နှင့် လုံခြုံရေး အာမခံမှု ဆိုင်ရာ အချက်အလက်များ ပိုမို ပေးအပ်ရန် တောင်းဆို ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဂျီနီဗာ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ်  က COVID-19 ကပ်ရောဂါ ပိုမို ပြန့်ပွားလာသည့် အခြေအနေ အား ရင်ဆိုင်ရာ တွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် မှ နှုတ်ထွက်မည့် ဆုံးဖြတ်ချက် အား ပြန်လည် သုံးသပ်စေလိုကြောင်း သြဂုတ် ၆ ရက် ၌ ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

 “ ကောင်းမွန်စွာ ပြန်လည်ထူထောင်ရေး - စီးပွားရေး နှင့် လူမှုရေး စိန်ခေါ်မှု နှင့် အခွင့်အလမ်း”များဆိုင်ရာ  မူဝါဒ အစီရင်ခံစာ တွင် နိုင်ငံအသီးသီး အနေဖြင့် အတွေးအခေါ်သစ် နှင့် နည်းလမ်းသစ် များဖြင့် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး နှင့် လူမှုရေး သက်ရောက်မှုများကို  တက်ကြွစွာ ရင်ဆိုင်သွားရန် ၊ အမြန်ဆုံး ကောင်းမွန်စွာ ပြန်လည်ထူထောင်သွားရန် ကမ္ဘာ့ကုလသမဂ္ဂက ဇူလိုင် ၂၂ ရက် ၌ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။ 

နယူးယောက် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ဇူလိုင် ၂၂ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ် အချိန်ထိ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၅,၀၀၈,၀၄၆ ဦး အထိ ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်းနှင့်  သေဆုံးသူ စုစုပေါင်း ၆၁၇,၉၀၂ ဦး အထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

Page 1 of 5