Xinhua Videos
-
ကျိနန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ရွှေတွင်းတစ်ခု၌ ပိတ်မိနေကြသည့် လုပ်သားများထဲမှ တစ်ဦးအား ကယ်ဆယ်ရေးသမားများက ယနေ့တွင် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ယခုကယ်ဆယ်လိုက်သည့် လုပ်သားသည် ဇန်နဝါရီ ၁၀ ရက်က မိုင်းတွင်းပြိုကျရာမှမြေအောက် အနက် ၆၀၀ မီတာတွင် ပိတ်မိနေသည့် လုပ်သား ၂၂ ဦးအနက် တစ်ဦးဖြစ်ပြီး ၎င်းသည် အလွန်အားနည်းနေကြောင်းသိရသည်။ ကယ်ဆယ်ရေးသမားများသည် တနင်္ဂနွေနေ့မတိုင်ခင်က ပိတ်မိနေသော မိုင်းလုပ်သား ၁၀ ဦးနှင့်အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းတို့မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။ ကျန်သူများမှာ သေဆုံးသွားကြဖွယ်ရှိကြောင်း ယူဆထားသည်။ (Xinhua) -
ဟာအယ်ပင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့တွင် ရပ်ကွက်များအတွင်းရှိ လမ်းများတွင် မောင်းသူမဲ့ ယာဉ်ဖြင့် ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သိရသည်။ပိုးသတ်ဆေး ဖျန်းခြင်းသည် COVID-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
ဟာအယ်ပင်းမြို့တွင် COVID-19 ကူးစက်ခံရမှုအတည်ပြု လူနာ ၁၀ ဦးနှင့် သံသယလူနာ ၃၁ ဦးကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။
အဆိုပါ အတည်ပြုလူနာများသည် ရောဂါကူးစက်နိုင်ခြေအမြင့်ဆုံး လူအုပ်စု အဖွဲ့အား နျူကလစ်အက်ဆစ် စစ်ဆေးမှုများပြုလုပ်ရာမှ တစ်ဆင့်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဟာအယ်ပင်း ကျန်းမာရေး ကော်မရှင်မှ ထုတ်ပြန်သည်။(Xinhua) -
ထျန်းကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း တက္ကသိုလ်မှ သုတေသီများသည် လူ့ကိုယ်ခန္ဓာစိတ်က ဖြစ်စေချင်သည့်အရာကို ဦးနှောက်အာရုံကြောများမှတစ်ဆင့် ကွန်ပျူတာသို့ ပို့လွှတ်ထိန်းချုပ်ကာ လုပ်ဆောင်နိုင်မည့် နည်းပညာ (BCI) နှင့် အသုံးပြုနိုင်မည့် အပလီကေးရှင်းများကို ထုတ်လုပ်နေကြပြီဖြစ်သည်။
BCI နည်းပညာ က Drone များနှင့် စက်ရုပ်များအား ခိုင်းစေလိုသူက မည်သည့်စကားမှ ဆိုစရာမလို မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်စရာမလိုဘဲ စိတ်ဖြင့်သာ ခိုင်းစေနိုင်ရန်တီထွင်ထုတ်လုပ်ထားသည့် နည်းပညာလည်းဖြစ်သည်။
စိတ် ဖြင့် မောင်းနှင်နိုင်သည့် drone ၌ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းနှင့် ပျံဝဲခြင်း တို့ ပါဝင်မည့် ခိုင်းစေချက် ၁၂ မျိုး ထည့်သွင်းထားကြောင်း သိရသည်။ထျန်းကျင်းတက္ကသိုလ် ဓါတ်ခွဲခန်းတစ်ခုတွင် သုတေသီတစ်ဦးက ၎င်း၏ အသိစိတ်ကို စက်ရုပ်ထံ ပို့ဆောင်နိုင်သည့် ဦးနှောက်အာရုံခံ ကိရိယာများပါဝင်သည့် ဦးထုတ်ကို ဆောင်းထားသည်။
စက်ရုပ် “ကျွန်တော့်ရဲ့ ညာဘက်လက်ကို မြောက်လိုက်ပြီ”
၂၀၁၆ ခုနှစ်တွင် ထျန်းကျင်းတက္ကသိုလ်၏ BCI နည်းပညာကို တရုတ်နိုင်ငံ၏ ထျန်ကုန်း 2 အာကာသ ဓါတ်ခွဲခန်း၌ အသုံးပြုခဲ့ပြီး အာကာသ စူးစမ်းလေ့လာမှုဆိုင်ရာ စပ်သပ်မှုများစွာကိုဆောင်ရွက်နိုင်ခဲ့သည်။
စက်ရုပ် “ကျွန်တော် လှုပ်ရှားမှုပုံစံ ၁ အတိုင်း လမ်းလျှောက်နေပါပြီ ”
အာကာသ ပညာရှင်များက BCI နည်းပညာကို အသုံးပြုကာ ၎င်းတို့၏ စိတ်ဖြင့် စက်ရုပ်များအား ထိန်းချုပ်ကာ အာကာသ စူးစမ်းလေ့လာရေးနှင့် နည်းပညာထိန်းသိမ်းမှုများကို ပြုလုပ်နိုင်ခဲ့သည်။
BCI နည်းပညာကို အနာဂတ်တွင် ဆေးဘက်ဆိုင်ရာ ကုသမှုများ၊ ပညာရေးနှင့် ဂိမ်းကစားခြင်းများ၌ပါ အသုံးပြုလာနိုင်မည်ဟုသိရသည်။ (Xinhua) -
ရှီအန်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
အသက် ၂၉ နှစ်အရွယ် Xia Yan ဆိုသူ သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်မှ ဖြစ်ပြီး အချိန် နှင့် ယှဉ်ကာ မြန်ဆန်မှုကိုစိန်ခေါ်နိုင်သူတစ်ဦးလည်းဖြစ်သည်။လက်ရှိတွင် ဂင်းနစ်စံချိန် ၈ ခု အထိ ချိုးဖျက်ထားနိုင်ခဲ့ပြီး ၎င်းက ထပ်မံ ကြိုးစားသွားလိုသည်ဟုဆိုသည်။
သူက “ ကမ္ဘာ့စံချိန်တွေကို စိန်ခေါ်ပြီး ချိုးရတာ ကို ကျွန်တော်ပျော်တယ် ၊ ဒီလို မျိုး လက်ကို မြန်ဆန်အောင်လှုပ်ရှားနိုင်ဖို့အတွက် လျှို့ဝှက်ချက်ရယ်လို့မရှိပါဘူး၊ အောင်မြင်မှုအတွက်လိုအပ်တာကတော့ ခက်ခက်ခဲခဲ လေ့ကျင့်မှုတွေ များများလုပ်ရမှာနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ပဲလိုပါတယ် “ ဟုဆိုသည်။
Xiaဟာ ဝါသနာနှင့် ကိုက်ညီတဲ့ လုပ်ငန်းတစ်ခုကို ထူထောင်ထားသည်။ ရောင်စုံ အံစာတုံးလေးများကို လျှင်မြန်စွာရွှေ့ခြင်း အပါအဝင် လက်ကျွမ်းကျင်မှုလေ့ကျင့်ခန်းများကို သင်ကြားပေးသည့် သင်တန်းဖွင့်လှစ်ထားပြီးကျောင်းသားပေါင်း ၃၀၀၀ ကျော်တက်ရောက်လျက်ရှိသည်။ ထို့အပြင် ရှီအန်းနှင့်အခြားမြို့များရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသားလေးများအတွက် အခမဲ့ သင်တန်းများကိုလည်းသင်ကြားခဲ့ကြောင်းသိရသည်။ (Xinhua)