ရီယာ ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
ဆင်ဟွာသတင်းဌာန ၏ အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းစုစည်းချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ကပ်ရောဂါသည် ဆက်လက်ပြန့်ပွါးနေပြီး အချို့နိုင်ငံများတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းအခြေအနေ ကို တင်းကျပ်လာခဲ့ကြောင်း ၊ အစ္စရေး နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅ သိန်းကျော်အထိ ရောက်ရှိလာခဲ့ပြီး တူနီးရှား နိုင်ငံ အနေဖြင့် ဘက်စုံပိတ်ဆို့မှုများဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။