ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီးတွင် ဧပြီ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးသည် စစ်အခြေစိုက်စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းချိန်တွင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။