အမေရိကန် လွှတ်တော်ထဲသို့ အကြမ်းဖက်စီးနင်းဝင်ရောက်မှုနှင့်ပတ်သက်၍ သံသယရှိသူ (၃၀၀)ကျော် တရားစွဲဆိုခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် ထရမ့်အား ထောက်ခံသူများက လွှတ်တော်အဆောက်အဦရှေ့တွင် ဆန္ဒပြနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ) North America

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင် လွှတ်တော်အဆောက်အဦထဲသို့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည်ဟု သံသယရှိသူများအား တရားစွဲဆိုထားရာ လူပေါင်း (၃၀၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အနည်းဆုံး လူ(၂၈၀)ကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

တရားရေးဝန်ကြီးဌာနက တစ်ခါမျှမရှိခဲ့ဖူးသည့် လျင်မြန်မှု ပမာဏနှင့် စုံစမ်းစစ်ဆေးမှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သူများအနေဖြင့် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း ယာယီ ဒုတိယအကြီးအကဲ John Carlinက ဖေဖော်ဝါရီ ၂၆ ရက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် ထရမ့်အား ထောက်ခံသူများက လွှတ်တော်အဆောက်အဦအတွင်း စီးနင်းဝင်ရောက်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခင်သမ္မတ ထရမ့်အား ထောက်ခံသူများက လွှတ်တော်အဆောက်အဦကို ဖေါက်ခွဲပစ်မည်ဟု ပြောကြားလျက်ရှိကြောင်း၊ လက်ရှိ သမ္မတ ဘိုင်ဒန် လွှတ်တော်အဆောက်အဦထဲတွင် မိန့်ခွန်းပြောကြားနေစဉ် အစွန်းရောက်များ လှုပ်ရှားမည်ကို စိုးရိမ်ကြောင်း လွှတ်တော် ရဲတပ်ဖွဲ့ယာယီအကြီးအကဲ Yogananda Pittmanက ပြီးခဲ့သည့်တစ်ရက်တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။

“ဇန်နဝါရီ ၆ ရက် လွှတ်တော်ကို စီးနင်းဝင်ရောက်တဲ့အဖွဲ့ဝင်အချို့က အဆောက်အဦကို ဖောက်ခွဲပြီး လူတွေအများကြီးသေအောင် ကြံဆောင်နေတာပေါ်လွင်တယ် ဒါက (ဘိုင်ဒန်ပြောကြားမယ့်)နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့တိုက်ရိုက်သက်ဆိုင်တယ်”ဟု ဆိုသည်။

အစွန်းရောက် လက်ယာယိမ်းအဖွဲ့များကို လွှတ်တော်အဆောက်အဦအတွင်းစီးနင်းရန် ကြံစည်မှုရှိမရှိ အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)က စုံစမ်းစစ်ဆေးလျက်ကြောင်း သိရသည်။ အချို့ အစွန်းရောက်လက်ယာယိမ်းအဖွဲ့၏ အဖွဲ့ခွဲများကို တရားစွဲဆိုထားကြောင်း သိရသည်။

ထရမ့်ထောက်ခံသူ အများအပြားသည် ဇန်နဝါရီ ၆ ရက်က ရဲတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့မှုကို ထိုးဖောက်ပြီး လွှတ်တော်အဆောက်အဦအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် ၂၀၂၀ ခုနှစ် သမ္မတ ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုနေသည့်လုပ်ငန်းစဉ် မဖြစ်မနေ ခေတ္တရပ်တန့်ခဲ့ရသည်။ အချင်းဖြစ်ပွားမှုကြောင့် လူ (၅)ဦး သေဆုံးပြီး၊ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

-----------------------------------------------
(Chinese Version)
逾300名涉嫌与暴力冲击美国国会有关人员遭到起诉

新华社北京2月28日电(记者包雪琳)美国司法部证实,已经起诉超过300名关联国会大厦今年初遭暴力冲击的嫌疑人,执法人员逮捕其中至少280人。
 司法部代理副部长约翰•卡林2月26日告诉媒体记者,司法部正以“从未有过的速度和规模”推进调查,“必须追究那些人的责任”。
国会警察局代理局长约加南达•皮特曼前一天告诉国会议员,前总统唐纳德•特朗普的支持者声称要炸掉国会大厦,他担心极端分子可能在现任总统约瑟夫•拜登在国会大厦发表讲话时行动。“一些参与1月6日冲击国会大厦的民兵团体成员暴露了炸毁国会大厦、致多人丧命的意图,而这与(拜登即将发表)国情咨文直接相关。”
联邦调查局正在调查多个极右翼团体是否预谋闯入国会大厦。一些极右翼团体的分支机构已被检方起诉。
大批特朗普支持者1月6日突破警察封锁,闯入国会大厦,迫使正在举行的2020年总统选举结果认证过程中断。这一事件导致5人死亡、多人受伤。

图说1: 1月6日,在美国首都华盛顿,时任总统特朗普的支持者在国会大厦前示威。(新华社记者刘杰摄)